မကြာသေးမီကမှ MWC 2016 ပွဲမှာ မိတ်ဆက်ပြသသွားခဲ့တဲ့ LG G5 ဖုန်းကို ကုမ္ပဏီအခြေစိုက်ရာဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ မှာ မတ်လ ၃၁ ရက်နေ့ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ US မှာတော့ ဧပြီလ ၁ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာပါ။
လက်ရှိအချိန်ထိတော့ အမေရိကမှာ ရောင်းမယ့် G5 ရဲ့ ဈေးနှုန်းကို တရားဝင်ကြေငြာရခြင်းမရှိသေးဘဲ၊ မြန်မာငွေ ၉ သိန်း ၆ သောင်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ US ကနေ LG G5 ဖုန်းကို ၀ယ်မယ်ဆိုရင်တော့ ဘက်ထရီအပိုတစ်ခု ရရှိမှာ ဖြစ်ပြီး၊ ကျန်ဈေးကွက်တွေမှာတော့ ဘာတွေ လက်ဆောင်ပေးမလဲ ဆိုတာ မသိရသေးပါဘူး။
LG G5 ဖုန်းရဲ့ ထူးခြားချက်ဟာ ဖုန်းမှာ နောက်ထပ် မော်ဂျူးအစိတ်အပိုင်းတွေကို ထပ်ပေါင်း တပ်ဆင်နိုင်မှု ဖြစ်ပြီး၊ LG Cam Plus ဆိုတဲ့ ကင်မရာမော်ဂျူးကို ဖုန်းမှာ တပ်လိုက်မယ်ဆိုရင်၊ ဖုန်းကို ပရော်ဖက်ရှင်နယ် ကင်မရာတစ်လုံးအသွင် အသုံးချနိုင်မှာဖြစ်ပြီး၊ ဘက်ထရီအားလည်း ပိုများသွားပါတယ်။
Hi-Fi Plus မော်ဂျူးကတော့ အသံပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်တဲ့ 32-bit အသံစွမ်းရည်ကို ပေးစွမ်းနိုင်တဲ့ စပီကာ မော်ဂျူးဖြစ်ပါတယ်။
မော်ဂျူးတွေအပြင် LG G5 ဖုန်းနဲ့ တွဲသုံးနိုင်မယ့် LG 360 VR ၊ LG 360 CAM ၊ LG Rolling Bot ၊ LG Tone Platinum ၊ LG Smart Controller စတဲ့ ‘LG Friends’ ပစ္စည်းတွေကိုလည်း G5 ဖုန်းနဲ့ အတူ တပါတည်း ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Post a Comment