July 4, 202507:57:18 AM

ဖုန်းကော၊ ကွန်ပြူတာနဲ့ပါ ကြိုးမဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ 200GB ဆံ့ SanDisk မမ်မိုရီစတစ်

 
32 GB ၊ 64GB မမ်မိုရီစတစ်တွေ သုံးရတာအားမရတဲ့သူတွေအတွက် 200GB အထိဆံ့တဲ့ SanDisk မမ်မိုရီစတစ် အသစ်တစ်မျိုး ထွက်ပေါ်လာပါပြီ။
ဒီ မမ်မိုရီစတစ်ရဲ့ ထူးခြားချက်တွေကတော့ USB အပေါက်ထဲ ထိုးစရာမလိုဘဲ၊ ကြိုးမဲ့ချိတ်ဆက် အသုံးပြုနိုင်ပြီး၊ Android, iOS ဖုန်းတွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။။
SanDisk Connect Wireless Stick လို့ အမည်ပေးထားတဲ့ ယခုမမ်မိုရီစတစ်ကို CES 2016 ပွဲမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့သောကြာနေ့က စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဒီ မမ်မိုရီစတစ်ရဲ့ ဘေးဘက်မှာ ပါဝါခလုတ်တစ်ခုပါရှိပြီး၊ ဒီခလုတ်ကို ဖွင့်လိုက်တာနဲ့ စတစ်ကနေ Wi-Fi network တစ်ခုကို create လုပ်သွားမှာဖြစ်ကာ၊ password ရိုက်ပြီး ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဖုန်း(သို့) ကွန်ပြူတာ သုံးလုံး တစ်ပြိုင်တည်း ချိတ်ဆက်အသုံးပြုနိုင်ပြီး၊ စတစ်ထဲမှာရှိတဲ့ သီချင်းတွေ၊ ဗီဒီယိုတွေကို စက်ထဲကူးစရာမလိုဘဲ၊ SanDisk Connect အက်ပလီကေးရှင်းကနေ တိုက်ရိုက် stream လုပ် နားဆင်၊ကြည့်ရှုနိုင်ပါသေးတယ်။
ဈေးနှုန်းကတော့ ရူပီး ၉၉၉၀ ( မြန်မာငွေ ၁ သိန်း ၈ သောင်းခန့် ) ပါ။

Ref: Gadgets360
Digitaltimes
 


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.