June 10, 2025

iPhone SE နှင့် iPad Pro သစ်တို့ကို မတ်လ ၂၁ ရက်ပွဲတွင် တွေ့မြင်ရဖွယ်ရှိ

မတ်လ ၂၁ ရက်တွင် ကူပါတီနိုမြို့ရှိ Apple ၏ 1 Infinite Loop campus ၌ကျင်းပမည့်ပွဲကို ကုမ္ပဏီမှ တရားဝင်ကြေညာခဲ့သည်။ အဆိုပါပွဲတွင် Apple က ၄ လက်မအရွယ် iPhone SE နှင့် ၉.၇ လက်မ iPad Pro အပြင် Apple Watch လတ်ပတ်ကြိုးသစ်များနှင့် software update များကို မိတ်ဆက်ပြသဖွယ်ရှိသည်။
Apple သည် ၂၀၁၁ ခုနှစ်တွင် iPhone 4s ကိုစတင်မိတ်ဆက်ပေးခဲ့ပြီးနောက် iPhone သစ်မိတ်ဆက်ပွဲများကို နှစ်ကုန်ပိုင်းတွင်သာ ကျင်းပပြုလုပ်ခဲ့သည်။ ထို့အတွက်ကြောင့် ယခုနှစ် မတ်လတွင်ကျင်းပမည့်ပွဲတွင် အပြောင်းအလဲများ တွေ့မြင်ရဖွယ်ရှိသည်။

၎ လက်မအရွယ် iPhone SE ကို iPhone 5 အရွယ် ကိုယ်ထည်နှင့်အတူ iPhone 6 နှင့် 6s specification များဖြင့် တွေ့မြင်ရဖွယ်ရှိသည်။ သတင်းဖော်ပြချက်များအရ iPhone SE ကို iPhone 6s တွင် မိတ်ဆက်ပေးခဲ့သော လျင်မြန်သည့် A9 ချစ်ပ်နှင့် M9 ချစ်ပ်၊ always-on Siri နှင့် Live Photos feature အပြင် iPhone 6 တွင် မိတ်ဆက်ပေးခဲ့သော Apple Pay တို့ဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။ ထို့အပြင် 16/64GB အမျိုးအစားများနှင့် iPhone 6/6s အရောင်များအတိုင်း ရရှိနိုင်မည်ဟု ဆိုသည်။

၉.၇ လက်မ iPad Pro သစ်သည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက မိတ်ဆက်ပေးခဲ့သော ၁၂.၉ လက်မ iPad Pro ထက် အရွယ်သေးငယ်သည့် အမျိုးအစားဖြစ်သည်။ ကောလာဟလသတင်းများတွင်မူ iPad Pro သစ်တွင် အရွယ်ကြီးမားသော iPad Pro ၏ စပီကာလေးခုနှင့် Apple Pencil support ပါဝင်မည်ဖြစ်ပြီး A9X နှင့် M9 ချစ်ပ်များကို အသုံးပြုထားကြောင်း သိရသည်။
လတ်တလောတွင် Apple က စမ်းသပ်လျက်ရှိပြီး final version မဖြန့်ချိရသေးသော iOS 9.3, OS X 10.11.4, watchOS 2.2 နှင့် tvOS 9.2 တို့ကိုလည်း မတ်လ ၂၁ ရက်ပွဲတွင် Apple က ဖြန့်ချိပေးဖွယ်ရှိသည်။
Ref: 9to5mac

                                                       ကိုနောင်နောင်(အင်တာနက်ဂျာနယ်
                                                          www.nyilattun.com

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.