ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုကို ၂၀၁၆ နှစ်ကုန်ပိုင်း မှသာ ကျယ်ပြန့်စွာဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း ISPလိုင် စင်ရရှိထားသည့် ကုမ္ပဏီများထံမှ သတင်းရရှိသည်။
‘‘ကြိုးမဲ့အင်တာနက် ၀န်ဆောင်မှုလုပ်မယ့်လူတွေကို 2600MHz လှိုင်းနှုန်းပေါ်ကနေ လုပ်ခွင့်ပြုသွားဖို့ ၀န်ကြီးဌာနက မတ်လထဲ တင်ဒါခေါ်သွားမယ်လို့ သိရတယ်။ အဲဒါကိုရပြီးနောက်ပိုင်း လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေတည်ဆောက်တာနဲ့ ဆိုရင်၂၀၁၆နှစ်ကုန်ပိုင်းလောက်မှာ ၀န်ဆောင်မှုစပေးနိုင်ဖို့ရှိပါတယ်’’ဟု Redlink ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးသိန်းသန်းတိုးကပြောသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးခွင့် (ISP)လိုင်စင်ကို ကုမ္ပဏီပေါင်းနှစ်ဆယ်ကျော်အား ခွင့်ပြုပေးထားပြီး အဆိုပါကုမ္ပဏီများထဲမှ ခုနစ်ခုခန့်ကို 2600MHz လှိုင်းနှုန်းဖြင့် နိုင်ငံတစ်ဝန်းတွင် Broadband ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှုအတွက် လုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးသွား ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။
‘‘Broadband အင်တာနက်ကို ဈေးသက်သာစွာနဲ့ ၀န်ဆောင် မှုပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိဆက်သွယ်ရေးအော်ပရေ တာတွေကပေးတဲ့ မိုဘိုင်းအင်တာနက်အသုံးပြုခတွေထက် ပိုပြီး ဈေးသက်သာဖို့ရှိပြီး တစ်လအတွင်း လိုချင်တဲ့အင်တာနက်မြန် နှုန်းနဲ့ ကြိုက်သလောက်သုံး Unlimit Planတွေလည်း ပေးသွား ဖို့ရှိပါတယ်’’ဟု ISPလိုင်စင်ရရှိ ထားသည့် Myanmar Netကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာဦးသန်းညီထွေးက ပြောသည်။
2600MHz လှိုင်းနှုန်းဖြင့် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှု လုပ်ကိုင်ခွင့်လိုင်စင်အတွက် တင်ဒါခေါ်ယူခြင်းကို မတ်လနောက် ဆုံးပတ်တွင် ပြုလုပ်သွားမည်ဖြစ် ပြီး ISPလိုင်စင်ရရှိထားသည့် ကုမ္ပဏီများအပြင် မိုဘိုင်းအော်ပရေတာများလည်း ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည် Nay Oo Lwin(myanmardigitallife)
www.nyilattun.com

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!