July 13, 2025

အူရီဒူးမြန်မာမှလူငယ်တွေအတွက်အစီအစဉ်အသစ်ကို မိတ်ဆက်

oo

အူရီဒူးမြန်မာသည်မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေကိုရည်ရွယ်၍ပြုလုပ်သောအစီအစဉ်အသစ်အားမိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါအစီအစဉ်မှာ တောက်ပကောင်းမွန်တဲ့အနာဂတ်ဆီသို့ ဆိုသည့်အစီအစဉ်ဖြစ်ပြီး ယင်းအစီအစဉ်သည် မြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေကို အမြန်ဆန်ဆုံးအင်တာနက်နဲ့ အကျယ်ပြန့်ဆုံး 3G ကွန်ယက်ကိုသုံးစွဲနိုင်စေဖို့ အဓိကရည်ရွယ်ထားကြောင်းသိရသည်။အူရီဒူးမြန်မာ၏ CEO Mr. Rene Meza မှ “အခုကျွန်တော်တို့အသစ်လုပ်မယ့် “တောက်ပကောင်းမွန်တဲ့အနာဂတ်ဆီသို့” ဆိုတဲ့ အစီအစဉ်အသစ်ကို ဂုဏ်ယူစွာနှင့် မိတ်ဆက်တင်ပြလိုက်ပါတယ်။ ဒီကြော်ငြာကို သတင်းစာရှင်းလင်းပွဲပြီးပြီးချင်း Ooredoo facebook နဲ့ YouTube တို့မှာ စတင် ဖော်ပြသွားမှာဖြစ်ပါတယ်။”ဟုပြောကြားခဲ့သည်။ထို့နောက် CEO မှ ၂၀၁၅ ခုနှစ်အတွင်း ရရှိထားသော ရလဒ်များနှင့် မကြာသေးမီကရရှိထားသောအချက်အလက်များကို  တင်ပြ ခဲ့ပြီးအူရီဒူးမှ ၂၀၁၅ ခုနှစ် နောက်ဆုံး ၃ လတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံအထိ ရောက်ရှိခဲ့သည်ဟုလည်းပြောကြားခဲ့သည်။ Mr. Meza မှ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို ဆက်လက် မြှင့်တင်သွားမှာပါ” ဟုထပ်လောင်းပြောကြားသွားခဲ့သည်။
လက်ရှိတွင် အူရီဒူးရဲ့ကမ္ဘာ့အဆင့်မီကွန်ယက်သည် မြန်မာလူဦးရေ ၈၀% အထိ လွမ်းခြုံ ပေးထားပြီး ၂၀၁၆ အကုန်ပိုင်းမှာ ၉၀% လောက်အထိ ပေးသွားနိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ ၂၀၁၆ ဖေဖော်ဝါရီလအထိ တာဝါတိုင်ပေါင်း ၃၃၉၅ ခုအထိ စိုက်ထူပြီးစီးခဲ့ပြီး ၂၀၁၆ အကုန်တွင် 3G တာဝါပေါင်း ၄၅၀၀ အထိစိုက်ထူသွားမှာဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့အပြင် fiber optic ဖိုင်ဘာဆက်ကြောင်းမှာလည်း ယခုအခါ ကီလိုမီတာပေါင်း ၇၇၀၀ ဆက်သွယ်နိုင်ပြီ ဖြစ်ပြီး ၂၀၁၆ အကုန်ပိုင်းတွင် ကီလိုမီတာပေါင်း ၁၂၀၀၀ အထိ ဆက်သွယ်သွားမှာဖြစ်ကြောင်းသိရသည်။
အူရီဒူး အသုံးပြုသူများနှင့်ပတ်သတ်၍ Mr. Meza  မှ “၂၀၁၅ ခုနှစ်မှာ အူရီဒူးသုံးစွဲသူ ခြောက်သန်းနီးပါးအထိရှိတယ်၊ ကျွန်တော်တို့ အူရီဒူး အသုံးပြုသူများရဲ့ ၈၆%  ဟာ အင်တာနက် အသုံးပြုကြပါတယ်။  အင်တာနက် အသုံးပြုခြင်းဟာ အူရီဒူးရဲ့ ချိုသာတဲ့​ဈေးနှုန်းများကြောင့် ၅ ဆလောက်အထိ မြင့်တက်လာတာကိုတွေ့ရပါတယ်၊ နောက်ဆုံးလေးလမှာအသုံးပြုတစ်ဦးချင်းအလိုက် အင်တာနက် အသုံးပြုခြင်းဟာ ၅၈၀ Megabytes အထိရှိပြီး ဥရောပတွင် အသုံးပြုသော ပမဏနှင့် တူညီတဲ့အသုံးပြုမှုတွေကိုတွေ့ရှိရပါတယ်” ဟုပြောကြားသွားခဲ့သည်။


                                                            

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.