Oppo က ကင်မရာကိုအသားပေးထားသောစမတ်ဖုန်းအသစ်နှစ်လုံးကိုမိတ်ဆက်လိုက်ပါသည်။ အရွယ်သေး R9 တွင် ၅.၅ လက်မ Full HD Display တပ်ဆင်ထားပြီး 2.0GHz Octa-Core MediaTekHelio P10 MT7655 မောင်းနှင်မည်ဖြစ်သည်။ R9 Plus တွင် ၆ လက်မ Full HD Display တပ်ဆင်ထားပြီး Qualcomm Snapdragon 652 Processor မောင်းနှင်မည်ဖြစ်သည်။ ဖုန်းနှစ်ခုစလုံးတွင် 4GB RAM , 64GB Storage တပ်ဆင်ထားပါသည်။
ဖုန်းနှစ်လုံး၏ အဓိကစွမ်းဆောင်ရည်မှာကင်မရာများဖြစ်ပါသည်။ R9 ၏ အနောက်ဘက်တွင် 4K Video များရိုက်ကူးနိုင်သော 13MP Camera နှင့် R9 Plus ၏ အနောက်ဘက်တွင် Phase Detection Autofocus နည်းပညာပါသော 16MP Camera တပ်ဆင်ထားပါသည်။ ဖုန်းနှစ်လုံးစလုံး၏ အရှေ့ဘက်တွင် 16MP Camera ပါရှိပါသည်။
R9 တွင် 2850mAh Battery နှင့် R9 Plus တွင် 4210mAh Battery များတပ်ဆင်ထားပါသည်။ R9 Plus ကိုဧပြီလ ၁၂ ရက်နေ့တွင် ဒေါ်လာ ၅၁၀ နှင့် R9 ကိုဧပြီလ ၂၄ ရက်နေ့တွင် ဒေါ်လာ ၄၃၀ ဖြင့် ရောင်းချမည်ဖြစ်သည်။
Thu Ya (Digitallifejournal)

Post a Comment