May 11, 2025

Samsung Galaxy S5 SM-G900W8 ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်း

Galaxy S5 SM-G900W8 ဖုန်းဗားရှင်း Android 5.1.1 Root လုပ်နည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်ဖို့ရန်အတွက် chainfire ရဲ့ကြိုးစားအားထုတ်မှုဖြင့်
CF-Auto-Root ကြီးထွက်ရှိလာပါပြီ Root access မရှိသေးတဲ့ သူတွေအတွက်
ပျော်ပျော်ကြီး ကလစ်ယူနိုင်ပါပြီ။

ပုံမှန်အတိုင်း Odin Methoad ဖြင့် CF-Auto-Root ဖိုင်ကို
အလွယ်တကူ Flash ပေးပြီး Root ဖောက်ယူနိုင်ပါတယ်။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Galaxy S5 SM-G900W8 အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Model Android 5.1.1 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
CF-Auto-Root ဖြင့် Root လုပ်နည်း
=======================
ဖုန်းမှာ USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
မြန်မာစာအမှန်ထည့်နည်း
===============
ဖုန်းမှာ Root access ရရှိပြီးရင်တော့ မြန်မာစာအတွက်
အမှန်ရချင် ကီးဘုတ်အတွက် Frozen ကိုထည့်ပြီး
ဖောင့်အတွက် ifont & Zawyi One apk ရိုးရိုးလေးကို
ထည့်သွင်းပြီး iFont ကနေ Zawyi One apk လေးကို
ထည့်သွင်းပေးလိုက်ပါ မြန်မာစာလုံးဝအမှန်မြင်ရမှာပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.