Galaxy Core Prime ဖုန်းအတွပ် TWRP Recovery ထည့်သွင်းနည်းကို
တောင်းဆိုထားတဲ့ညီအကိုအတွက် တင်ပေးလိုက်ပါပြီ။
Samsung Devices များတွင် အခုနောက်ပိုင်း CWM & TWRP Recovery ကြား
ပြောစရာလေးတစ်ခု ရှိလာပါတယ်၊ ကြုံဖူးတာလေးပြောပြမှာပါ။
ကျနော့်မှာ S3 ဖုန်းတစ်လုံးရှိပါတယ်၊ အဲဒီဖုန်းကို CWM သွင်းကြည့်တာ
အဆင်ပြေပါတယ်၊ ဒါပေမယ့် Recovery Mode သို့ဝင်မရတော့ပါ
မကျေနပ်သေးတာနဲ့ Stock Rom ကိုပြန်တင်တယ် ပြီးရင် နောက်ထပ်
တစ်ကြိမ် ထပ်ထည့်ကြည့်သေးတယ်၊ ဒီလိုပါပဲ လုံးဝအဆင်မပြေပါ။
ဒါနဲ့ လာဆက်လုပ်ရင် ကောင်းမလဲ ခေါင်းစားတော့တာပေါ့
TWRP ကိုထည့်ကြည့်ပါဦးမယ်ဆိုရင်ပြီး S3 ဖုန်းအတွက် ထွက်ရှိထားတဲ့
TWRP Recovery ကိုထည့်ကြည့်လိုက်ပါတယ်၊
ပြီးရင် Button တွေကို တွဲနှိပ်ပြီး Recovery Mode သို့ဝင်ကြည့်
လိုက်တော့ Team Win Recovery လေးနဲ့လန်းနေရော့ပဲ...
ကဲ ဘာဖြစ်တာတုန်းဆို အလုံးတိုင်း ဒီလိုပဲလားဆိုတော့လည်း
မဟုတ်ပါ၊ ကြုံခဲ့ရသမျှတော့ Samsung ဖုန်းအများစုက CWM ကြီးနဲ့
သိပ်အဆင်မပြေပဲ TWRP နဲ့အရမ်းအဆင်ပြေပါတယ်။
ဖြစ်နိုင်ရင် မိမိဖုန်းကို CWM Recovery ထည့်သွင်းမယ်ဆိုရင်တော့
သေချာအောင် စီးစစ်ပြီး ထည့်သွင်းတာမျိုးပြုလုပ်သင့်ပါတယ်။
အကြံပေးလိုတာကတော့ အခုနောက်ပိုင်း Samsung Devices ဆိုရင်
TWRP Recovery ကိုသာထည့်သွင်းအသုံးပြုစေချင်တာပါ။
ယခုဖုန်းအတွက်လည်း တောင်းဆိုလာတဲ့ညီအကိုက CWM ထည့်
သွင်းနည်းပါ၊ ဒါပေမယ့် ကျနော်ကတော့ ကြုံခဲ့ဖူးလို့ အဆင်မပြေတာ
များလာလို့ ဒီပိုစ့်တွင် TWRP Recovery ထည့်သွင်းနည်းကိုသာ
အဓိကထားပြီး Guide ပေးချင်ပါတယ်။
လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
Samsung Galaxy Core အတွက်သီးသန့်ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းနည်း
=====================
ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin & TWRP zip ဖိုင်ကိုဖြည့်လိုက်ပြီး
Odin ကိုဖွင့်ပါ PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Post a Comment