July 15, 202506:14:43 AM

Samsung Galaxy Note 3 SM-N900 Android Version 5.0 ကို TWRP Recovery ထည့်သွင်းနည်း

Samsung Galaxy Note 3 SM-N900 ဖုန်း ဗားရှင်း Android Version 5.0 ကို 
TWRP Recovery ထည့်သွင်းချင်တဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ မိမိဖုန်းမှာ
Root ဖောက်ထားပြီးသားဖြစ်နေရပါမယ်၊ ဒီအတွက် ကွန်ပျူတာမလိုပဲ 
Root နည်းကို အောက်ကလင့်မှာကြည့်လိုက်ပါ။
ဒီ Galaxy Note 3 SM-N900 Android Version 5.0 ကို 
TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့ ကွန်ပျူတာမလိုပါ
ဖုန်းမှာတင် အလွယ်တကူ ထည့်သွင်းယူနိုင်ပါတယ်။
TWRP ကိုထည့်သွင်းယူလို့ရတဲ့ Flasher Tool apk တွေအနက်
ကျနော် စမ်းသပ်အသုံးဖြစ်တာကတော့ Rashr - Flash Tool ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းနည်း
===================
Rashr - Flash Tool ကို Play Store မှ ဒေါင်းလော့ရယူပြီး
ဖုန်းမှာ Install ပြုလုပ်လိုက်ပါ၊ ပြီးရင် Apk ကိုဖွင့်လိုက်ပါ
တကယ်လို့ Update တောင်းလာပါက လိုင်းအဆင်ပြေနေရင်
ပြုလုပ်ပေးလိုက်ပါ၊ အောက်ပါပုံအတိုင်းပွင့်လာတဲ့အခါ
TWRP Recovery ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ
ဒီ Apk ကိုအသုံးပြုနေတဲ့အချိန်မှာ Mobile Data အင်တာနက်ပဲဖြစ်ဖြစ်
Wifi အင်တာနက်ပဲဖြစ်ဖြစ် လိုအပ်ပါတယ်၊ လိုင်းပေါ်ကတိုက်ရိုက်
ဒေါင်းလော့ရယူပြီး ထည့်သွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့ပါ
အောက်ပါပုံအတိုင်း တက်လာတဲ့အခါ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
TWRP 2.8.5.0 (ha 3g) ဆိုတာကို ကျနော်ကတော့ ရွေးချယ်လိုက်ပါတယ်
အဲဒီရဲ့အောက်မှာတော့ ဗားရှင်းအစုံထွက်ရှိထားပြီးဖြစ်ပါတယ်
မိမိဖုန်းအတွက် အဆင်ပြေမယ့်ဟာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်
ဒီနေရာမှာ အကြံပေးလိုတာက နောက်ဆုံးထွက်ကိုအသုံးပြုစေချင်ပါတယ်။
စကားစပ်မိလို့ပြောရဦးမယ် ဒီ Apk တွေကိုအသုံးပြုတတ်ခဲ့ရင်တော့
ဖုန်းတစ်လုံးအတွက် လိုအပ်နေတဲ့ CWM/TWRP/Philz Recovery များကို
လိုင်းလေးအဆင်ပြေနေရုံဖြင့် ဒီ ဆော့ဝဲလေးကနေ တိုက်ရိုက်ဒေါင်းလော့
ရယူပြီး မိမိဖုန်းအတွက် အသင့်ထွက်ရှိထားတဲ့ ဗားရှင်းကို အတိအကျ
ထည့်သွင်းယူနိုင်တယ်ဆိုတာကို သိမြင်လောက်ပါပြီ။
TWRP 2.8.5.0 (ha 3g) ဆိုတာကို ရွေးချယ်ပြီးတာနဲ့
လိုင်းအခြေအနေပေါ်မှာမူတည်ပြီး ဒေါင်းလော့မှု မြန်နေပါလိမ့်မယ်

အားလုံးပြီးသွားရင်တော့ အောက်ပါပုံအတိုင်း ဖုန်းကို Reboot ချခိုင်းပါလိမ့်မယ်
Yes ဆိုတာကို နှိပ်ပေးပြီး သင့်ဖုန်းကို Recovery Mode တိုက်ရိုက်ဝင်ကြည့်လိုက်ပါ
TeamWin Recovery Mode ဖြင့် တက်လာပါလိမ့်မယ်
Manual အနေဖြင့် ၀င်ကြည့်ချင်တယ်ဆိုရင်တော့ Apk ကိုဖွင်လိုက်ပြီး
အောက်ပါပုံအတိုင်း Reboot Recovery ဆိုတာကို နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း Reboot now ဆိုပြီးမြင်နေရပါလိမ့်မယ်
Yes ကိုသာနှိပ်ပေးလိုက်ပါ ဖုန်းမှာ Recovery Mode သို့ရောက်သွားလိမ့်မယ်။
အောက်ပါပုံအတိုင်း TeamWin Recovery Mode ဖြင့်တက်လာပါလိမ့်မယ်၊ 
အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ) 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.