Samsung Galaxy Note 3 SM-N900 ဖုန်းကိုင်ဆောင်ထားကြတဲ့
ညီအကိုတွေအတွက် Android Version 5.0 ကို မြန်မာစာအမှန် ထည့်သွင်းနည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
100% နှုန်းပါ ကျနော်ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်ပါတယ်။
ဖုန်းကို တော့ Root လုပ်ထားရပါမယ် ပြီးရင် TWRP ထည့်သွင်းရပါမယ်။
ယခုဖေါ်ပြပါနည်းအတိုင်း မြန်မာစာထည့်သွင်းပြီးပါက မိမိဖုန်းမှာ
Facebook/Viber/Messager/Whatsapp/Youtube များနဲ့
Internet Browser မှာပါမြန်မာစာကို လုံးဝအမှန်မြင်သွားမှာပဲဖြစ်ပါတယ်။
ဒီအတွက် Galaxy Note 3 SM-N900 Android Version 5.0 အတွက်
Root လုပ်နည်းကို အောက်ကလင့်မှာဝင်လေ့လာကြည့်လိုက်ပါ
ပြီးရင် ဒီ Galaxy Note 3 SM-N900 ဖုန်းအတွက်ပဲ TWRP Recovery
ထည့်သွင်းနည်းကို အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။
အထက်ဖေါ်ပြပါ Galaxy J5 SM-J500H ဖုန်းတစ်လုံးအတွက်
လိုအပ်မယ့် Root access နဲ့ TWRP များထည့်သွင်းပြီးရင်တော့
မြန်မာ 100% နှုန်းမှန်အောင်ထည့်နည်းကို ဆက်လေ့လာလိုက်ပါ
မြန်မာစာအမှန်ထည့်နည်း
==============
အားလုံးသိပြီးဖြစ်တဲ့ Lollipop ဗားရှင်းတွေအတွက် မြန်မာစာမှန်ရန်
အောက်ပါလုပ်ဆောင်ချက်များကို အတိအကျလုပ်ပေးရမှာဖြစ်ပါတယ်။
ကီးဘုတ်ထည့်သွင်းရန်
=============
ဖုန်းမှာ Root access ရရှိပြီးရင်တော့ မြန်မာစာအတွက်
အမှန်ရချင် ကီးဘုတ်အတွက် FrozenKeyboard apk ကို
ထည့်ပြီးအသုံးပြုနိုင်သလို မိမိကြိုက်နှစ်သက်ရာကို ထည့်သွင်းနိုင်ပါတယ်။
Zawgyi Font အတွက် အမှန်ထည့်ရန်
=====================
ဖုန်းမှာ Root access ရရှိပြီးထားသော်ငြားလည်း
သမားရိုးကျအတိုင်း ပြုလုပ်ခဲ့ရင်တော့ Internet Browser မှ
100% မှန်ကန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။
Root access ရရှိပြီးထားပြီးသား ဖုန်းတစ်လုံးကို အောက်ပါ ဖောင့်အတွက်
ifont & Zawyi One apk ရိုးရိုးလေးကို ထည့်သွင်းပြီး iFont ကနေ
Zawyi One apk လေးကို ထည့်သွင်းပေးလိုက်ရုံဖြင့် မြန်မာစာမမှန်သေးပါ။
ဒီတော့ TotalSolution 3.0 ZawgyiBase zip ဖိုင်ကို
SD Card သို့ကူးထည့်ပေးပြီး Recovery Mode ကနေ
အလွယ်တကူ Flash ပေးလိုက်ရင် 100% နှုန်းသေချာပါတယ်။
FrozenKeyboard ထည့်သွင်းနည်း
=====================
ဖုန်းမှာ Unknown Source ကိုအမှန်ခြင်းပေးထားပါ
Wifi & Mobile Data များကိုအသုံးပြုပြီး ကီးဘုတ်ကို
Play Store ပေါ်မှတိုက်ရိုက် Install ပြုလုပ်ရယူပါ
ကီးဘုတ်ကို ထည့်သွင်းပြီးသွားတဲ့အခါ Setting>>
Language and input>>Add Keyboard>>Frozen Keyboard Zawgyi>>
Frozen Keyboard >>Default>>Frozen Zawgyi ကိုပြောင်းပေးလိုက်ပါ။
ZawGyi Font ထည့်သွင်းနည်း
=================
ZawGyi 3.0 Beta2 ဖိုင်ကို ဒေါင်းလော့ရယူပြီး ဖုန်းရဲ့ SD Card သို့
Copy ကူးထည့်လိုက်ပါ၊ ပြီးရင် Reocvery Mode သို့ဝင်ပေးရပါမည်။
ပါဝါကိုပိတ်၊ Power + Vol Up + Home Key များကိုတွဲနှိပ်ထားပါ။
Recovery Mode တွင် SD Card တွင်ရှိသော ZawGyi 3.0 Beta2.zip ဖိုင်ကို Flash ပေးလိုက်ပါ၊
ပြီးရင် ခနစောင့်နေလိုက်ပြီး အားလုံးပြီးသွားတဲ့အခါဖုန်းကို Reboot ချပေးလိုက်ပါ၊
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ မြန်မာစာ အမှန်မြင်နေရပါလိမ့်မယ်၊
Facebook/Viber/Messager/ Whatsapp/Youtube များမှာလည်း မှန်နေသလို
Internet Browser မှာလည်း 100% နှုန်းဖြင့် မှန်ကန်နေပါလိမ့်မယ်။
Download Here ZawGyi 3.0 Beta2.zip
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!