May 30, 202509:34:32 PM

Samsung Galaxy Note 3 SM-N900 Android Version 5.0 Root လုပ်နည်း ကွန်ပျူတာမလို

Samsung Galaxy Note 3 SM-N900 ဖုန်းအတွက်
Android Version 5.0 Root လုပ်နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ကွန်ပျူတာမလိုပါ နာမည်ကြီး 
Kingroot ဖြင့် ဖုန်းမှာတင် စက္ကန့် ၃၀ မကြာပဲ Root access ကိုရယူနိုင်ပါတယ်။


ဒီညနေ ၉ နာရီလောက်မှာ သူငယ်ချစ်တစ်ယောက်ရဲ့ဖုန်းမှာ
မြန်မာစာအမှန်ရချင်လို့ဆိုပြီး ရောက်လာလို့ Root ရမရစမ်းထားပြီးသားပါ။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Root လုပ်နည်းသည် Note 3 SM-N900 အတွက်သီးသန့်ဖြစ်ပြီး
ဖုန်း Android Version 5.0 ကိုသာ Root လုပ်ထားခြင်းဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
====================
ဖေါ်ပြပါ Root လုပ်နည်းသည် ဖုန်းရဲ့ warranty ကိုထိခိုက်တာမျိုးဖြစ်တာပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Stock Rom ကိုပြန်တင်ယူမယ်ဆိုရင်တော့
ဖုန်းရဲ့ warranty ကပြန်လည် အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက် 
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
 Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့ 
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
Kingroot apk ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး
Official ရဲ့ နောက်ဆုံးထွက် ဗားရှင်းကိုသာ ရယူလိုက်ပါ
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
 
 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.