Galaxy J7 SM-J700F ဖုန်း ဗားရှင်း Android Version 5.1.1 အတွက်
TWRP အမှန်ထည့်သွင်းနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီနေ့ကျနော်ကိုယ်တိုင်ပြန်လည်စမ်းသပ်အောင်မြင်ထားတာပါ
ဒီဖုန်းကို Root လုပ်ထားဖို့တော့လိုပါတယ်၊ ဒီအတွက် အောက်မှာ လေ့လာကြည့်လိုက်ပါ
ဒီဖုန်းကို Root access ရရှိထားပေမယ့်လဲ သမားရိုးကျအတိုင်း
ကီးဘုတ်နဲ့ ဖောင့် Apk များကိုထည့်သွင်းလိုက်ရုံဖြင့် မြန်မာစာ
အမှန်လုံးဝမမြင်ရသေးပါ၊ ဒီတော့ မြန်မာစာ 100% မြင်နိုင်ဖို့ရန်အတွက်
ဒီဖုန်းကို TWRP Recovery ကိုအရင် ထည့်သွင်းထားရမှာပဲဖြစ်ပါတယ်။
လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
J7 SM-J700F ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
Click Here to Download Odin
Samsung USB Driver for Windows
TWRP Recovery For Samsung Galaxy J7 SM-J700F
TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ
ဒေါင်းလော့ရလာတဲ့ TWRP Recovery zip ဖိုင်ကိုတော့
လုံးဝ zip ဖိုင်မဖြည်ပါနဲ့ ဒီအတိုင်းထားပါ
Odin ကိုဖွင့်ပါ PDA ဆိုတဲ့နေရာမှာ TWRP Recovery zip ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Post a Comment