Galaxy E5 E500H/E500M ဖုန်းများကို Twrp recovery ထည့်သွင်းချင်တဲ့
ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကြုံခဲ့ရသမျှတော့ Samsung ဖုန်းအများစုက CWM ကြီးနဲ့
သိပ်အဆင်မပြေပဲ TWRP နဲ့အရမ်းအဆင်ပြေပါတယ်။
ဖြစ်နိုင်ရင် မိမိဖုန်းကို CWM Recovery ထည့်သွင်းမယ်ဆိုရင်တော့
သေချာအောင် စီးစစ်ပြီး ထည့်သွင်းတာမျိုးပြုလုပ်သင့်ပါတယ်။
အကြံပေးလိုတာကတော့ အခုနောက်ပိုင်း Samsung Devices ဆိုရင်
TWRP Recovery ကိုသာထည့်သွင်းအသုံးပြုစေချင်တာပါ။
လိုအပ်ချက်
=======
ဖေါ်ပြ TWRP Recovery ထည့်သွင်းနည်းသည်
galaxy E5 E500H/E500M ဖုန်းများအတွက်သီးသန့်ဖြစ်ပါတယ်။
TWRP Recovery ထည့်သွင်းနည်း
====================
ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin & TWRP zip ဖိုင်ကိုဖြည့်လိုက်ပြီး
Odin ကိုဖွင့်ပါ PDA ဆိုတဲ့နေရာမှာ TWRP Recovery ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ TWRP Recovery ရရှိနေပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!