Latop ၀ယ်မယ်ဆိုရင် အကြမ်းမျဉ်း သိထားသင့်သော အချက်များ



ကျွန်တော် ဒီအကြောင်းလေးကို ရေးချင်နေတာတော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အရှိန်ယူလိုက် ပျက်သွားလိုက်နဲ့ မရေးဖြစ် ဖြစ်နေတာပါ .. တကယ်တော့ ဒါက ရေးသင့်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ .. အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ရှိလာသလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်သလို သွားလေရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများလာတာ တွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Latop Computer တွေဝယ်တော့ မယ်ဆိုရင် မ၀ယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်းမျဉ်း ရေးပေးသွားပါမယ် .. 

ဒီနေရာမှာ အသေးစိတ် မရေးပဲနဲ့ ဘာလို့ အကြမ်းမျဉ်း ရေးပေးရလည်း ဆိုတာကို ရှင်းပြချင်ပါတယ် .. ကွန်ပျူတာနဲ့  အရမ်းကြီး အကျွမ်းတ၀င် မဖြစ်သေးတဲ့ သူတစ်ယောက် အနေနှင့် ကွန်ပျူတာနဲ့ ပါတ်သတ်တဲ့ အကြောင်းအရာ တစ်ခုကို အသေးစိတ်ကျကျ ရှင်းပြနေတဲ့ အခါမှာ သူအနေနှင့် ဖတ်ရတာ တွေများလာရင် ဆိုလိုရင်းကို နားမလည်တော့ပဲ လည်ထွတ်သွားတက် ပါတယ် .. ဒါကြောင့် အများစု နားလည်နိုင်မဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် ..ကျွန်တော် ခေါင်းစဉ် နှစ်ခု ထားပြီး ရေးပေးသွားပါမယ် ..
( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း တို့ ဖြစ်ပါတယ် ..

( ၁ ) မ၀ယ်မှီဆန်းစစ်လေ့လာခြင်း


နံပါတ် ( ၁ ) အချက်လေးက အားလုံးအတွက် လိုအပ်ပါတယ် .. ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူတန်းစား ပေါင်းစုံရှိပါတယ် .. ချမ်းသာတဲ့သူ ၊ အလယ်အလတ်တန်းစား ၊ ဆင်းရဲတဲ့သူ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ် .. ဒါကြောင့် လက်တော့ မ၀ယ်မှီမှာ မိမိကိုယ်ကိုယ် အရင်ဆုံး ဆန်းစစ်ဖို့ လိုအပ်ပါတယ် .. ဈေးကြီးပေးရမှ ဒီပစ္စည်းက ကောင်းမယ် ဆိုတာလည်း မမှန်ပါဘူး .. ဒီပစ္စည်းကတော့ ဘာကြောင့် ဈေးကြီးနေတာ ( ဥပမာ ။  ။ ဒီဇိုင်းပိုင်းမှာ ပိုပြီးတော့ ဆန်းသစ်နေလို့ အဲ့ဒီအတွက် တန်ဖိုး ပိုကြီးနေတာလား ၊ ဒါမှမဟုတ် အထဲမှာ ပါဝင်တဲ့ Hardware ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းတွေကပဲ ကောင်းနေလို့ ဈေးကြီးနေတာလား )  ဒါမှမဟုတ် ဘာကြောင့် ဈေးသက်သာနေတာလည်း ( ဥပမာ ။  ။ အထဲမှာဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကတော့ ကောင်းနေပြီး ပုံစံက ပုံတုန်းကြီး ဖြစ်နေလို့လား ၊ အထဲမှာ ဆင်ထားတဲ့ Hardware ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေက အနိမ့်စားတွေ ဆင်ထားလို့လား ဆိုတာကို ) ကွဲကွဲပြားပြား သိဖို့လိုပါတယ် .. ဒါမှသာ မိမိတို့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Latop မျိုးကို သင့်တင့်တဲ့ ဈေးနှုန်းမျိုး ပေးပြီး ၀ယ်နိုင်မှာ ဖြစ်ပါတယ် .. 
အရင်ဆုံး မိမိက Latop ကိုဘာအတွက် ၀ယ်မှာလည်း ဆိုတာကို ဆန်းစစ်ပါ .. ပိုက်ဆံ ချမ်းသာလို့ ငွေဘယ်လောက် ကုန်ကုန် ဆိုရင်တော့  အခုနောက်ဆုံးပေါ်  Core i7 Latop မျိုးကို ဒီဇိုင်းပုံစံ လန်းလန်းလေးနဲ့ Brand ကောင်းကောင်း လေးနဲ့ ဈေးကြီး ပေးဝယ်လိုက်တာ ပြသနာ မရှိပေမယ့် ကိုယ်ကလည်း လက်ထဲမှာ ငွေကို ချင့်ချိန်နေရတဲ့သူ တကယ်လည်း လိုအပ်နေပါတယ် ဆိုတဲ့ သူမျိုးအတွက် ကျတော့ အရွေးမမှားဖို့ လိုအပ်ပါတယ် .. ဒါမှသာ မိမိတက်နိုင်တဲ့ ငွေကြေးပမာဏနဲ့ ကိုယ့်အတွက် တကယ်အသုံးဝင်တဲ့ Latop မျိုးကို ရွေးချယ် နိုင်မှာ ဖြစ်ပါတယ် .. 
အရင်ဆုံး Latop တစ်လုံး ၀ယ်တော့မယ် ဆိုရင် မိမိတို့က ဘာအတွက် သုံးမှာလည်း ဆိုတာကို စဉ်းစားပါ .. ဖျော်ဖြေမှုသက်သက် အတွက်ပဲ သုံးမှာလား ၊ ရုံးလုပ်ငန်း အတွက် သုံးမှာလား ၊ ကွန်ပျူတာပိုင်းဆိုင်ရာတွေ လေ့လာဖို့အတွက် သုံးမှာလား ၊ မိမိက လက်တော့ ၀ယ်ပြီးရင် ဂိမ်းအကြီးစားတွေ ဆော့ဖို့ အထိ စဉ်းစားထားလား ဆိုတာတွေကို ထည့်ပြီး တွေးဖို့ လိုပါတယ် .. ဒါမှသာ  မိမိလုပ်ချင်တာနဲ့ သင့်တင့် မျှတတဲ့ ပစ္စည်းမျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ် ..
ဖျော်ဖြေမှု အတွက်ပဲ သုံးချင်တယ် .. မိမိက သက်သက်မှတ်မှတ်ကြီး သုံးစရာတော့  မရှိဘူး အဝေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေနဲ့ အင်တာနက်သုံးပြီးတွေ့မယ်  မိသားစုတွေထဲက အဝေးရောက်နေသူ တွေရှိရင်လည်း အင်တာနက်မှာ တွေ့မယ် ပျင်းတဲ့ အခါတွေမှာ ရုပ်ရှင်ကြည့်မယ် သီချင်းနားထောင်မယ် ဆိုတဲ့သူမျိုးကတော့ Hardware ပိုင်းဆက်စပ်ပစ္စည်းတွေ အရမ်းကြီး မမြင့်ရင်တောင် ဒီဇိုင်းလှလှ လေးနဲ့ ဈေးနှုန်းသင့်တင့်တာမျိုးလေးတွေ ဆိုရင် အဆင်ပြေပါတယ် .. 
နောက်တစ်ချက်ကတော့ ရုံးသုံး စာစီစာရိုက်သုံးမယ် လိုအပ်တဲ့ ဆော့ဝဲလ် တစ်ခုရမ်းထားပြီး အမြဲသုံးနေလို့ ရပါတယ် ဆိုတဲ့ သူမျိုးကျတော့ လည်းအပေါ်နဲ့ အရမ်းကြီးမကွာပါဘူး .. ကိုသုံးမဲ့ ရုံးသုံးလုပ်ငန်းတွေကို အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ယုံနဲ့ ရုံးတွေဘာတွေကို ယူသွားမယ် ဆိုရင် လည်းအမြင်တင့် စေမဲ့ ပုံစံမျိုးနဲ့ Hardware ဆက်စပ်ပစ္စည်းတွေက အရမ်းကြီး မမြင့်ရင်တောင် အလယ်အလတ်တန်းစားလောက် ဆိုရင်ကို သူ့အတွက် အဆင်ပြေစေပါလိမ့်မယ် ..
နောက်တစ်ချက် ကွန်ပျူတာပိုင်း ဆိုင်ရာတွေမှာ သုံးချင်ပါတယ်ဆိုတဲ့ သူမျိုးကျတော့ ပုံစံဒီဇိုင်း အရမ်း မကောင်း ရင်တောင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကိုတော့ အကောင်းဆုံး ဖြစ်တာမျိုးတွေ ကို သုံးသင့်ပါတယ် .. မိမိတို့က ဆော့ဝဲတွေ ရမ်းမယ် စမ်းသပ်ချင်တာ တွေကို စမ်းသပ်မယ် ဖြုတ်မယ် တပ်မယ် ဒေါင်းလော့တွေ ခဏခဏ ချမယ် Upload တွေတင်မယ် ပြီးရင် စက်ကို အမြဲတမ်း ၂၄ နာရီပါတ်လုံး အသုံးပြုဖြစ်နေတဲ့ အခါတွေ ရှိမှာ ဖြစ်တဲ့ အတွက် မိမိတို့ ၀ယ်မဲ့ကောင်က Hardware ပိုင်း ဆက်စပ် ပစ္စည်း မြင့်တာနဲ့ အကြမ်းခံမဲ့ ကောင်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူတာ ကပိုပြီး အဆင်ပြေစေပါလိမ့်မယ် .. ဖြစ်နိုင်ရင်တော့ Latop မ၀ယ်ပဲ Destop သာဝယ်ပေါ့ဗျာ .. ကျွန်တော်က Latop Crazy ဖြစ်တဲ့ သူအတွက် ရွေးချယ်လို့ရအောင် ပြောပြတာပါ .. ဒီလိုလူမျိုး အတွက်တော့ ဒီဇိုင်းပိုင်းထက် Hardware ပိုင်းစပ်ဆက် ပစ္စည်းတွေ ကောင်းမွန်တာမျိုးကို ရွေးချယ်သင့်ပါတယ် ..

နောက်ဆုံးတစ်ချက် ဂိမ်းသမားတွေကတော့ မိမိတို့ဝယ်မဲ့ လက်တော့မျိုးကို Hardware ပိုင်း သင့်တင့်ပြီး Ram , Graphic ပမာဏ များတာ မျိုးကို ရွေးချယ်ပြီး ၀ယ်ယူထားသင့်ပါတယ် .. အခုနောက်ပိုင်းမှာ ဆိုရင် Gamer တွေအတွက် သီးသန့် ထုတ်ပေးထားတဲ့ Latop Brand မျိုးတွေကို တောင်တွေ့နေရပါပြီ .. 
အပေါ်မှာ ကျွန်တော် နှိုင်းယှဉ်ပြ ထားတာ ကတော့ မိမိတို့အသုံးပြုမဲ့ ပုံစံနဲ့ အတက်နိုင်ဆုံး သင့်လျော်မဲ့ ပုံစံကို ရွေးချယ် နိုင်အောင် ဖော်ပြပေးထားခြင်း ဖြစ်ပါတယ် ..  တကယ်လို့ မိမိက ပိုက်ဆံလည်း တက်နိုင်တယ် ကောင်းကောင်းလည်း လိုချင်တယ် ဆိုရင်တော့ ဒီဇိုင်းပုံစံ လန်းလန်းနဲ့ Hardware ပိုင်းမြင့်တာတွေကိုသာ ၀ယ်သုံးပါ အဆင်ပြေပါတယ် .. ကျွန်တော်က ချင့်ချိန်ဝယ်ယူရမဲ့ သူမျိုးတွေအတွက် နှိုင်းယှဉ်ပြပေးတာ ဖြစ်ပါတယ် .. 
( ၂ ) Latop ၀ယ်ရန်ရွေးချယ်ခြင်း


 ကဲ မိမိကလည်း အပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေနဲ့ ဆန်းစစ်ပြီးသွားပြီ လက်တော့ ၀ယ်တော့မယ်ဆိုရင် Hardware ပိုင်းဆက်စပ် ပစ္စည်းတွေကို ဘယ်လိုကြည့်ပြီး ရွေးချယ်နိုင်မလည်း Brand ချင်းအတူတူ Processor  Series  ချင်းတူရင်တောင် ဈေးနှုံးချင်း ဘာလို့ ကွာခြား နေတာလည်း ဆိုတဲ့ ခြားနားချက်လေးတွေကို ကြည့်တက်အောင် ရေးပေးသွားပါမယ် ..
နောက်တစ်ချက်ကတော့ Latop ၀ယ်မယ်ဆိုရင် Graphic ပါတာကို ရွေးဝယ်မလား Ram အနည်းအများကို ကြည့်ပြီး ၀ယ်မလား ဆိုတာကိုတော့ သိထားသင့်ပါတယ် .. ဘာလို့လည်း ဆိုတော့ Latop မှာ Ram နည်းရင် ထပ်တိုးလို့ ရပေမယ့် Graphic မပါရင်တော့ ထပ်ြ့ပီး အသစ်စိုက်လို့ မရပါဘူး .. ။ ဒါကြောင့် မိမိတို့က မ၀ယ်ခင်ထဲက မိမိတို့ဝယ်မဲ့ Latop မှာ Graphic ပါသလား မပါဘူးလား ဆိုတာကို လေ့လာသင့်ပါတယ် .. ဟုတ်ပြီ အဲ့ဒီ အချက်တွေကို ဘယ်လို ကြည့်ကြမလည်း  .. အောက်မှာ ဆက်သွားရအောင် ..



ကျွန်တော်တို့ Laptop တွေ ၀ယ်တဲ့ အခါမှာ ဈေးနှုံးကိုလည်း အရမ်းကြည့်လို့မရပါဘူး .. ကိုယ်ရဲ့ လိုအပ်ချက် ပေါ်လိုက်ပြီး ဆန်စစ်ပြီးမှ ၀ယ်သင့်ပါတယ် .. တစ်ချို့ Latop တွေက Design ပိုင်းကို ဦးစားပေး ထားတဲ့ အတွက် ပါဝင်တဲ့ Hardware အမျိုးစားချင်း တူရင်တောင် ဈေး ပိုကြီး နေတက်ပါတယ် .. တစ်ခါ တစ်လေ သတိထားပြီး ကြည့်ပါ .. Brand ချင်းလည်း တူတယ် ကျန်တဲ့ အမျိုးအစားချင်းလည်း တူတယ် .. ဒါပေမယ့် အဖြူရောင်နဲ့ အနက်ရောင် ပုံစံလေး နည်းနည်း ကွာသွားတာနဲ့ ဈေးလည်း ကွာဟ သွားတာမျိုး တွေ့ရပါလိမ့်မယ် ..
အရင်ဆုံး ကျွန်တော်တို့ Laptop ၀ယ်ဖို့အတွက် သူ့မှာ ပါဝင်တဲ့ အမျိုးအစားတွေကို သိဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအတွက် ပြည်ပမှာ နေတဲ့ သူတွေပဲ ဖြစ်ဖြစ် မြန်မာပြည်က ဆိုင်တွေမှာ ၀ယ်မဲ့ သူတွေပဲ ဖြစ်ဖြစ် ဆိုင်က ပြထားတဲ့ Laptop နဲ့ ပါတ်သတ်တဲ့ အချက်အလက် တွေကို ဘယ်လို ကြည့်ပြီး ရွေးချယ်နိုင်မလည်း ဆိုတာကို အောက်မှာ ကျွန်တော် အမျိုးအစား တစ်ခုချင်း အလိုက် ရှင်းပြပေးထားပါတယ် ..

Processor

အရင်ဆုံး Processor ကိုကြည့်ပါ ... မိမိဝယ်မဲ့ လက်တော့က Intel လား AMD လား အရင်ဆုံး ခွဲခြားပါ .. ကိုက Intel ထဲကပဲ ၀ယ်ချင်တယ် ဆိုရင် မိမိဝယ်မဲ့ လက်တော့က Core i3 လား Core i 5 လား Core 2 Dual လား Core 2 Quad လား စသည်ဖြင့် ကြည့်ပါ .. ပြီးရင် မိမိတက်နိုင်တဲ့ ဈေးနှုံးနဲ့ Processor အမျိုးအစားကို ရွေးချယ်လိုက်ပါ .. ပိုက်ဆံတက်နိုင် ရင်တော့ နောက်ဆုံး ထွက်တဲ့ Processor အမျိုးအစားကို ရွေးချယ် ၀ယ်ထားတာ ပိုကောင်းပါတယ် ..

Operating system


နောက်တစ်ချက် Laptop Detail ထဲမှာ Operating System ဆိုပြီး ပါပါလိမ့်မယ် .. အဲ့ဒါက ဘာကို ပြတာ လည်းဆိုတော့ မိမိတို့ ၀ယ်မဲ့ Laptop မှာ အသုံးပြုမဲ့ Windows အမျိုးအစားကို ပြောတာ ဖြစ်ပါတယ် .. ကျွန်တော် တို့ အနေနဲ့ Laptop ၀ယ်တဲ့ အခါမှာ ပေးရမဲ့ တန်ဖိုးထဲမှာ အဲ့ဒီ Windows အတွက်ပါ ပါပြီးသား ဖြစ်ပါတယ် .. ကျွန်တော်တို့ Windows ကို ၀ယ်ပြီး သုံးရတာပါ .. Microsoft ® Windows 7 Home Basic စသည် ဖြင့် ဖော်ပြပေးပါလိမ့်မယ် ..

Memory

 Memory ပမာဏ ကိုတော့ Detail ထဲမှာ Mb နဲ့ ဖော် ပြမှာ ဖြစ်ပါတယ် . အဲ့ဒီအတွက် Laptop မှာ Ram ဘယ်နှစ် Gb ပါတယ် ဆိုတာကို သိဖို့ အတွက် အောက်မှာ ဖော်ပြထားတဲ့ Unit ရေတွက် ပုံလေးကို သိထားဖို့ လိုပါလိမ့်မယ်...

1 Bits = အငယ်ဆုံး unit
1 Byte= 8 Bits
1 kbyte =1024 Byte
1 Megabyte = 1024 kbyte
1 Gegabyte = 1024 Megabyte
1 Tetrabyte = 1099  Gegabyte  

ဒါမှသာ ကျွန်တော်တို့ အနေနဲ့ 4096 Mb ဆိုရင် 4 Gb ၊ 3072 Mb ဆိုရင် 3 Gb စသည်ဖြင့် အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ် ..  ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ Laptop မှာ Ram ဘယ်လောက် ပါတယ် ဆိုတာကို ခွဲခြားနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ဒီနေရာမှာ တစ်ခု သိထားရမှာက Laptop မှာ Ram ကို ထပ်ပြီး တိုးလို့ ရပါတယ် .. ဥပမာ ။  ။ ကျွန်တော်တို့က Ram 2 Gb ပဲ ပါတဲ့ Laptop ၀ယ်ထားတာ ဆိုရင် နောက်ထပ် 1Gb , 2 Gb ထပ်တိုးတာတို့ လုပ်နိုင်ပါတယ် ..

Screen

ဒီမှာက ဘာကို ကြည့်ရမလည်း ဆိုတော့ ကျွန်တော်တို့ ၀ယ်မဲ့ Laptop ရဲ့ Screen အရွယ် အစားကို  ကြည့်ရမှာ ဖြစ်ပါတယ် .. Screen အရွယ်အစား အကြီး အသေးကို လိုက်ပြီး မိမိရဲ့ Laptop အရွယ်အစားကလည်း အကြီး အသေး ကွာသွားပါလိမ့်မယ် .. 14" , 15.6" , 17.3" စသည်ဖြင့် အသီးသီး ရှိပါလိမ့်မယ် .. မိမိတို့ စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ် ..

Hard disk

Hard Disk မှာ မိမိတို့ ၀ယ်မဲ့ Laptop မှာပါ ၀င်တဲ့ Hard Disk ရဲ့ ပမာဏကို ဖော်ပြပေး ပြီးသား ဖြစ်ပါတယ် .. 320 GB , 500 GB , 640 GB စသည်ဖြင့် အသီးသီး Hard Disk ရဲ့ Data တွေကို Store လုပ်ပေးနိုင်တဲ့ ပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ် ..


Optical Drive 

ဒီကောင်လေးကတော့ ဘာမှ အရေးမပါသလိုနဲ့ တော်တော် အရေးပါပါတယ် .. မိမိတို့ ၀ယ်မဲ့ Laptop မှာ Optical Drive ပါမပါတော့ သေချာ ကြည့်ဖို့ လိုပါတယ် .. ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အနေနဲ့ Optrical Drive မပါတဲ့ Laptop ကို ၀ယ်မိပြီ ဆိုရင် နောက်ပိုင်း Windows အသစ်ပြန် တင်ချင်တာပဲ ဖြစ်ဖြစ် Software တွေ Install လုပ်ဖို့ အခွေထည့်ချင်ရင်ပဲ ဖြစ်ဖြစ် အဆင်ပြေမှာ မဟုတ်ပါဘူး .. ဒါကြောင့် Optical Drive ပါတာကို ရွေးချယ် ၀ယ်ယူဖို့ တိုက်တွန်းချင်ပါတယ် .. Optical Drive ပါတဲ့ Laptop တွေမှာ DVD-Super Multi Double Layer စသည်ဖြင့် ဖော်ပြထားပြီးတော့ Optical Drive မပါဘူး ဆိုရင်တော့ no ဆိုပြီး ဖော်ပြနေပါလိမ့်မယ် .. 

 Video Card 

အများစု မသိကြတဲ့ အထဲမှာ ဒီကောင်လေး ပါပါတယ် .. ဆိုင်က ပြတဲ့ Detail ကို ကြည့်ပြီး အများစုက မိမိဝယ်မဲ့ Laptop မှာ Video Card ပါမပါတောင် မသိကြပါဘူး .. Laptop မှာ Video Card မပါဘူး ဆိုရင် ကိုယ့်ဘာသာ အသစ် စိုက်လို့ ရမှာ မဟုတ်ပါဘူး .. ဒါကြောင့် ကိုယ်ဝယ်မဲ့ Laptop မှာ Video Card ပါမပါလည်း သေချာလေး ကြည့်သင့်ပါတယ် .. Video Card က Brand နှစ်မျိုးရှိပါတယ် ..  Nividia နဲ့ ATI ပါ .. မိမိတို့ ကြိုက်တဲ့ Brand ကို ရွေးချယ် နိုင်ပါတယ် .. တကယ်လို့ Video Card ပါတဲ့ Laptop တွေရဲ့ Detail ထဲမှာ Nividia Geforce  ® GT 520MX 1024Mb   ၊ ATI ™ Mobility Radeon ™ HD6630 1024Mb  စသည်ဖြင့် ဖော်ပြပေးပါလိမ့်မယ် .. ဒီနေရာမှာ တစ်ခု သိထား ရမှာက ပါဝင်တဲ့ Graphic ပမာဏ ကို Gb နဲ့ မဖော်ပြပဲ MB နဲ့ ပဲ ဖော်ပြမှာ ဖြစ်ပါတယ် .. 1 Gb ဆိုရင် 1024 MB ၊ 512 MB စသည်ဖြင့် ဖော်ပြပေး မှာ ဖြစ်ပါတယ် .. တကယ်လို့ Video Card မပါတဲ့ Laptop တွေမှာ ဆိုရင် Intel ® HD Graphics 3000 Intel ® GMA HD စသည်ဖြင့် ဖော်ပြပေးမှာ ဖြစ်ပါတယ် .. ဒါဆိုရင် မိမိတို့ ၀ယ်မဲ့ လက်တော့မှာ Video Card ပါမပါ ရွေးချယ် နိုင်လိမ့်မယ်လို့ ထင်ပါတယ် ..
 
 ဒါကတော့ ကျွန်တော်တို့ လက်တော့ ၀ယ်မယ်ဆိုရင် အဓိကထားပြီး သိထားသင့်တဲ့ ရွေးချယ်နိုင်တဲ့ အချက်လက် လေးတွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ် .. ကျန်တဲ့ Wifi , Bluetooth ပါမပါ သူ့မှာပါတဲ့ Battery Card က ဘယ်လောက် အသုံးခံလည်း ( 2 hour , 3 hour )  Laptop ရဲ့ အလေးချိန် စတာတွေကိုတော့ ကျွန်တော် တစ်ချက် ချင်း ရေးမပေးတော့ပါဘူး .. အပေါ်မှာ ရေးပေးခဲ့တဲ့ အချက်တွေကို ကြည့်ပြီး Laptop တစ်လုံး ၀ယ်ဖို့ အတွက် အနည်းနဲ့ အများ အထောက် အကူ ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. 

ဒီပို့စ်လေးကို PDF ဖြင့် လိုချင်တယ် ဆိုရင် အောက်မှာ ယူလိုက်ပါ ..

Download  From  Ifile.it  ၊  Download  From  Ziddu  ၊  Download  From  Sharebeast




.                                                   အားလုံးပဲ အဆင်ပြေကြပါစေ     

                                                    ကျေးဇူးတင်ပါတယ် ခင်ဗျာ ..

                                              http://www.nayminnmaung.com/


                                           www.nyilattun.com

Post a Comment

ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။

မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!

Account ဆိုင်ရာ Action Ebook Action Movies Activators ADB Driver for Android Device ADB Driver ဆိုင်ရာ Adult Movies AIS Lava ဖုန်းဆိုင်ရာ All in One Tool ALPS Tablet Andriod App Andriod Internet Andriod Keyboard Android Antivirus Android Apk များ Android application Android Apps Android Battery Apk Android Browser Apk Android call & contacts Android Cleaner Android Dictionarys Android downloader Android Drivers Android facebook Android firmware Android fonts Android For Downloadmanager Android game Android games Android Gameများ Android Karaoke Android launcher Android livewallpaper Android Lock Screen Android manager Android Message lock Android Messenger Android Myanmar Font Android N 7.0 ဆိုင်ရာ Android Photo Editor Android Photoshop Android Player Android Programing Software Android Recorder Android Recovery apk Android ringtones Android Root Android root & Myanmar font Android Root Tool Android Tool Android Tools Android Tutorial Android UnRoot Android Utilities Android Video Downloader Android Video Editor Android WiFi Android Zip Android နှင့် မြန်မာ Fonts androidဆော့ဝဲများ Android​ဆော့ဝဲလ်​များ Animation Movies Anti-Malware Antivirus Antivirus Programs antivirus ဆိုင်ရာ AOTO Aovo App Apple ID ဆိုင်ရာ Application Arakan Music Asian Movies Asus ASUS Rooting Asus Zenfone ဆိုင်ရာ Asus ဖုန်းဆိုင်ရာ Audio and Video Conveters Audio Driver Audio Editing Audio Software Basson K3000 V590 Blog နည်းပညာများ Blogger Ebooks Bloggerနည်းပညာများ Bluestack Bollywood Movies Bootloader Code And Fix Bootloader unlock ဆိုင်ရာများ Buddhist Ebooks Call Blocking ပြုလုပ်နည်း Caller Name Talker Cartoon Ebook Casual Cleaner Cleaning Tools Clone Camera Clone Frimwares Comedy Movies Computer Computer ဆိုင်ရာ Converter Video to Mp3 Converter ဆိုင်ရာ Coolpad Coolpad firmware Coolpad Note 3Plus Crack Boxs Crime Movies Custom Rom တင်နည်း CWM Recovery ထည့်သွင်းနည်း Data Backup Tool Design Software Design Softwares Digital Life Journal Digital Life ဂျာနယ် Digital Times Dota Games Download Guide Drama Movies Dream Ebooks Driver software DVB New DVD Player E-books Ebook Email EMMC ဆိုင်ရာ English Grammar English Learning Apps Entertainment Erotic Movies Facebook Facebook & YouTubeမှVideoDownloadရယူနည်း facebook Apk Facebook Guide Facebook Video Downloader facebook ဆိုင်ရာ Facebook ဆိုင်ရာနည်းလမ်းများ Facebookဆိုင်ရာ Facebookနည်းပညာ Family Movies Files Erase Finance Firmware Firmware တင်နည်း Firmware ဒေါင်းလော့နည်း Fix Errors Flash Tool Flash Tool Firmwares Flashlight FM RADIO MYANMAR Folder Lock Software Font Font Installer Font Styleများ Fonts Funny Ebook Galaxy Tablets Ghost Ebooks GIF ဆိုင်ရာ Google Gapps ထည့်သွင်းနည်း Google Play Store ဆိုင်ရာများ Hacking Hardware HD GAMES Health Heart-stopping Hello Hide IP Horror Movies HTC HTC Rooting HTC ဖုန်းဆိုင်ရာ HTML Language Huawei Huawei Firmware Huawei Firmwares Huawei G610-U00 Huawei G7 B530 Huawei G730 U00 Huawei G730 U30 Huawei G8 Huawei Honor Huawei Honor 7 B370 Huawei Mate SB355 Huawei P8 Lite Huawei P9 Lite Huawei Root & Fix Huawei Y625 Huawei ဖုန်းဆိုင်ရာ i-mobile Icon IDM iFont Apk iLovfa Firmware Images IMEI Fixs International News Internet Download Manager internet Journals internet speed Internet Tools IOS iOS device iOS Tutorial Ios Tutorials iOS ဆိုင်ရာများ IOS အတွက် Iphone ဆိုင်ရာ iRoot Tool IT ဗဟုသုတ jailbreak ပြုလုပ်နည်း Java KingCom Tablet Knowledge and FAQ knowledges Launcherများ Lava AIS Rom Firmware LeEco LE LG LG Rooting Linux OS Linux Tutorial Logo Software Love Stories Ebook Mac Application Mac Drivers Mac Game MAC Knowledge MAC-SOFTWRAES Making Money Management Tools Marshmallow Media & Video media player MediaPad Meizu ဖိုင်းဆိုင်ရာ Microsoft Officeနှင့်သက်ဆိုင်သော miui MM Dhamma Apk Mobile Gamersများ Mobile Guide Journal Mobile Phone Training Video Tutorial Mobile Service Online Training Mobile software နည်းပညာ Mobile Tutorial Mobile သတင်းရေးရာအဖြာဖြာ Mobiles & Tablets Moblie Guide Journal Moblie Knowledge Movies MP3 Downloader MSE Update MTK Device ဆိုင်ရာ MTK Drive Tool MTK USB Driver ဆိုင်ရာ Multi Account Music Music & Audio Music Album Music Ebook Music News MY NOTI My Phone Firmware Myanmar Calendar Apk Myanmar Cook ApK Myanmar Dhamma Apk Myanmar Font Myanmar Ghost Myanmar map Myanmar Music Myanmar Poems Myanmar Radio Apk MyPhone Mystery Movies National Ebook Net meter NetGuide Journal Network News notepad အသုံးပြုပုံ Office One all-in one Tookit One Plus 3 Online Account Register ooredoo oppo Oppo ဖုန်းဆိုင်ရာ opppo R7 OS Os Tutorial Other Phones PC Burning ဆိုင်ရာ PC download PC Driver PC Knowledge PC Software Pc Uninstaller PC- Audio Editor PC-Clean Speed PC-Recovery PC-Speed Up PCloud PDF software PDFစာအုပ်များ Phone Driver များ Phone Drivers Phone Guide Ebooks Phone Knowledge Photo Photo Background Changer Photo Editor Software Photography Photoshop photoshop နည်းပညာ Play Store ဆိုင်ရာများ Play Storeထည့်သွင်းနည်း Portable Software Prestigio Multiphone Product Key Productivity App Programming Python Qualcom Fix Qualcom ဆိုင်ရာ Registry Cleaner ROM ဆိုင်ရာများ Romance Movies Root Genius ဖြင့် Root လုပ်နည်း Root လုပ်နည်း Rooting Rooting Softwares Samsug S4 Samsung Samsung A5 2016 Firmware Samsung A7 2016 Firmware Samsung Account ဆိုင်ရာ Samsung Clone Samsung Core Prime Firmware Samsung Firmware Samsung Fix Samsung Galaxy A5 2016 SM-A510FD Samsung Galaxy A5 SM-A500H Samsung Galaxy A5 SM-A510F Samsung Galaxy E5 SM-E500M Samsung Galaxy Grand Firmware Samsung Galaxy Grand Prime Samsung Galaxy GT-I9082 Samsung Galaxy J1 Samsung Galaxy J3 2016 SM-J320H Samsung Galaxy J7 Samsung Galaxy J7 SM-J700H Samsung Galaxy Note Samsung Galaxy Note 4 SM-N910T Samsung Galaxy Note 5 Firmware Samsung Galaxy Note 7 Samsung Galaxy Note Edge Samsung Galaxy S4 SHV-E300K Samsung Galaxy S5 SM-G900H Samsung Galaxy S6 Edge Samsung Galaxy S7 Edge Samsung Galaxy S7 Edge SM-G935F Samsung Galaxy SM-G530F Samsung Galaxy Win Firmware Samsung J7 Firmware Samsung Note 1 Firmware Samsung Root Samsung Tar Creator Samsung USB Drivers Samsung ဖုန်းဆိုင်ရာ Sci-Fi Movies screen recorder Screen Video Recorder Security Security & Safety Smart Surfer Browser & Proxy Social Softwares Softwares & Application Softwareများအသုံးပြုနည်း Songs SONY Sony Phone ဆိုင်ရာ Sony Xperia Z5 SP Flash Tool SP Flash Tool & Guide SPD Device ဆိုင်ရာ SuperSu ဖြင့် Root လုပ်နည်း System Info Tablet Software TeamViewer Software Techspace Journal Telecom TELENOR Test speed internet Thriller Movies Tools Apps Training Lessons True Smart Tutorial tv software TWRP-Phiz Recovery သွင်းနည်း Ubuntu OS Ubuntu Tutorial Unlocker USB Bootable ဆိုင်ရာ USB Drivers ဆိုင်ရာ Useful Apk Viber Video Converter Video Editing Video Live Wallpapers Virtual DJ Virus Cleaning Tool Virusနှင့်ပတ်သက်၍ vivo vivo Rooting Web blog ကောင်းနိုးရာရာ ကုတ်လေးများ Web Designer Web Development Web Ebook Webcam software Wifi ဆိုင်ရာ WiFi နှင့်ပတ်သက်သမျှ Window Activate Window OS Application Window OS Drivers Window OS Ebook Window OS Games window ဆိုင်ရာနည်းပညာများ Windows Manager Windows Repair Software WinRar X BO XBO XBO ဖုန်းဆိုင်ရာ Xiaomi Xiaomi Guide Xiaomi MIUI ROM Xiaomi Rooting You tube Downloader YU Yunique YU Yunique Bootloader Zawgyi & Unicode Fontchanger apk ZTE Zte ဖုန်းဆိုင်ရာ ကဗျာ ကွန်ပျူတာဆိုင်ရာ ဗဟုသုတများ ကျန်းမားရေး ချစ်​​ရေးချစ်​ရာ ချစ်​​ရေးချစ်​ရာ ​ ဂီတရပ်ဝန်းသတင်းများ ဇာတ်​ကားများ တ​စ္ဆေဇာတ်​လမ်းများ နည်းပညာစာအုပ်များ နည်းပညာဗဟုသုတ နည်းပညာသတင်း နည်းပညာသတင်းများ နည်းလမ်းများ ပညာရေးဆိုင်ရာ ဖုန်းအားလုံးRootလုပ်​နည်း ဗဟုသုတ ဗဟုသုတဆိုင်ရာ ဗဟုသုတများ ဘလော့နည်းပညာ မိုလ်ဘိုင်းဂျာနယ်နှင့်သတင်းများ ပြည်တွင်းသတင်း ဖြစ်ရပ်မှန် သတင်းစုံ မြန်မာ font မြန်မာစာတန်းထိုး မြန်​မာစာတန်းထိုးဇာတ်​ကားများ မြန်မာလို IT နည်းပညာ Ebook မြန်မာဖော့င် သင်တန်းကြော်ငြာ အင်တာနက်ဂျာနယ် အခြားသတင်းရေးရာအဖြာဖြာ ​ဆောင်းပါးများ လေ့လာရန် နိုင်ငံတကာသတင်း
[facebook][blogger]

Contact Form

Name

Email *

Message *

Powered by Blogger.