အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ သူ့အတွက် အသင့်ထွက်ရှိထားတဲ့
Rooted Flash File ဖြင့် Odin ကနေအလွယ်တကူ Flash ပေးပြီး Root လုပ်ယူနိုင်ပါတယ်။
Root access ရရှိထားပြီးသား Firmware ကို ရေးပေးလိုက်ရုံဖြင့်
သင့်ဖုန်းမှာ Root ပေါက်ပြီးသားဖြစ်သွာမှာပါ အောက်မှာလေ့လာကြည့်လိုက်ပါ။
လိုအပ်ချက်များ
=========
ဖေါ်ပြပါ Firmware ရေးသားနည်းသည် Galaxy Core Prime အတွက်သာဖြစ်ပြီး
ဖုန်း Model number SM-G361H ဖြစ်ပါတယ်။
တကယ်လို့ မိမိဖုန်းရဲ့ Model number ကို Check ပြလုပ်ချင်တယ်ဆိုရင်တော့
Menu > Settings > About Device > ကိုနှိပ်လိုက်ရင် တွေ့ရှိနိုင်ပါတယ်။
လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ
How to Root Samsung Core Prime
=======================
ဖုန်းမှာ USB Debugging Mode ကို ဖွင့်ထားပါ
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ Rooted ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Root access လေးကိုတွေ့မြင်ရပါပြီ။
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org
Post a Comment