May 24, 202507:58:55 PM

Lava Iris 350 4.4.2 Flash Tool Firmware 100% OK

Lava Iris 350 ဖုန်းအတွက် ဗားရှင်း 4.4.2 Flash Tool Firmware ကို
အလိုရှိတဲ့သူတွေလည်း အလွယ်တကူ ဒေါင်းလော့ရယနိုင်အောင်
ပြန်လည်မျှဝေပေးလိုက်ပါတယ်။
 Flash Tool Firmware ဆိုတော့ အထူးပြောစရာမလိုတော့ဘူးထင်ပါတယ်
ဖိုင် Size : 442M ပဲရှိပါတယ်၊ အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ။
Firmware ရေးသားနည်း
===============
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် MTK Device ဆိုင်ရာ
USB Driver များကို အဆင်ပြေအောင်ထည့်သွင်းထားပါ။
၂။ SP Flash Tool မှ အသုံးပြုလိုတဲ့ ဗားရှင်း တစ်ခုခု ကိုဖွင့်လိုက်ပါ
၂။ Scatter File ကိုတစ်ချက်နှိပ်ပြီး Firmware Scatter file ရွေးချယ်ပါ
၃။ Flash Tool မှ Download Only ဆိုတာကိုနှိပ်ပြီး  ဖုန်းကိုကွန်ပျူတာဖြင့်
ချိတ်ဆက်လိုက်ပါ Battery ဖြုတ်လို့ရတဲ့ အလုံးဆိုရင်တော့
 USB Cable ကြိုးကို အရင်ထိုးပြီးမှ Battery ကိုတပ်လိုက်ပါ၊
၎။ Battery ဖြုတ်မရတဲ့အလုံးဆိုရင်တော့ဖြုတ်နေစရာကလိုမပါ 
USB Cable ကြိုးကိုအရင်ထိုးပြီး ပါဝါခလုပ်ကို ဖိနှိပ်ပေးလိုက်ရုံပါပဲ
၅။ Flash Tool မှ Download Only ဖြင့် တင်ယူလို့အဆင်မပြေရင်တော့
ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ထားမှုကို ပြန်ဖြုတ်ပြီး Download Only နေရာမှာ
Firmware Upgrade ဆိုတာကို ပြောင်းတင်ပေးလိုက်ပါ။
၆။ နောက်ဆုံး Download Only လည်းမတက် Firmware Upgrade ဖြင့်လည်း
မတက်ဘူးဆိုရင်တော့ အဲဒီဖုန်းမှာ နဂိုရှိနေတဲ့ Firmware ကို Format ချပေးပြီး
တင်ယူတဲ့ပုံစုံမျိုးဖြင့် စနစ်ဖြင့် Formal All + Download ဆိုတာကို နှိပ်ပြီးတင်ယူနိုင်ပါတယ်။
၇။။ ကွန်ပျူတာကဖုန်းကိုသိပြီဆိုတာနဲ့ Firmware ရေး
သွားပါလိမ့်မယ် ပြီးအောင်စောင့်နေလိုက်ပါ အစိမ်းရောင်ဖြင့်
OK ဆိုပြီး ပြနေရင် Firmware ရေးသားခြင်း အောင်မြင်ပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ) 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.