ယခု အသစ်ကိုလည်း Google အနေနဲ့ Nexus နှစ်လုံး ထုတ်မှာ ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်က ဒီတစ်ခါတော့ စမတ်ဖုန်း ကုမ္ဗဏီနှစ်ခုကို ခွဲပေးတာမျိုး မလုပ်တော့ပဲ တစ်ခုတည်းကပဲ နှစ်မျိုးစလုံးကို ထုတ်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဖြစ်နိုင်ချေ အရှိဆုံး ကုမ္ဗဏီအနေနဲ့ HTC ကို ရွေးချယ်ထားပါတယ်။ အကယ်၍ HTC သာ ထုတ်မယ်ဆိုရင်တော့ နှစ်လုံး စလုံးဟာ ပရီမီယံ စမတ်ဖုန်းများ ဖြစ်နိုင်ပြီး သတ္တုကိုယ်ထည်နဲ့ ထွက်နိုင်ကြောင်း ဆိုထားပါတယ်။
ထွက်ရှိချိန်ကလည်း ယမန်နှစ်က Nexus ထွက်တဲ့ အချိန်နဲ့ တူတာကြောင့် စက်တင်ဘာလမှပဲ ဖြစ်ပါတယ်။ ဒီကြားထဲမှာကတော့ ယခုလိုပဲ သတင်းများ ထွက်ရှိနေအုံးမှာ ဖြစ်ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
Credit to myanmarmobileapp
ညီလတ်ထွန်း(ဘီအမ်း)
Post a Comment