Apple ဟာ iPhone 5SE ကို လာမယ့် မတ်လ ၂၁ ရက်နေ့မှာ ထုတ်ဖော် ပြသသွားမှာ ဖြစ်ပြီး ယင်းဟာ တရားရုံးတက်မယ့်နေ့ရဲ့ တစ်ရက်အလိုသာ ဖြစ်ပါတယ်။ တရားရုံးတက်မှာကတော့ FBI နဲ့ ယှဉ်ပြိုင်နေတဲ့ အမှု ဖြစ်ပါတယ်။ FBI အနေနဲ့ Apple ရဲ့ iPhone များကို unlock လုပ်နိုင်စွမ်းရှိတဲ့ software ဖန်တီးပေးဖို့ Apple ကို တောင်းဆိုထားပြီး Apple ဟာ ငြင်းဆိုခဲ့ပါတယ်။ ဒါကြောင့်မို့ လက်ရှိမှာ တရားရင်ဆိုင်လျက် ရှိပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုပေးမှာ ဖြစ်တာကြောင့် Apple အနေနဲ့လည်း တရားရုံးရဲ့ ဆုံးဖြတ် ချက်ကို လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အစိုးရက တောင်းဆိုရင် Apple iPhone ကို ဖွင့်ပေးရတော့မှာ ဖြစ်ပါတယ်။ ယင်းဟာ ဖြစ်ပွားခဲ့တဲ့ ဒီဇင်ဘာလက အကြမ်းဖက် လူသတ်မှုအပေါ် အခြေခံခြင်း ဖြစ်ပါတယ်။ လူသတ်တရားခံ တစ်ဦးရဲ့ ဖုန်း ဟာ iPhone 5C ဖြစ်ပြီး ယခုထိ FBI ဖွင့်လို့မရသေး ပါဘူး။ ယင်းအချက်ကြောင့်မို့ ဖြစ်ပါတယ်။
Apple ကို ထောက်ခံတဲ့ ကမ္ဘာတစ်ဝန်းမှ လူအချို့ကလည်း ကန့်ကွက်ဆန္ဒ ပြလျက် ရှိပါတယ်။
.
Ref: dailymail
အောင်ခမ်း (MMAS)
ညီလတ်ထွန်း(ဘီအမ်း)
www.nyilattun.com
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!