June 5, 202509:51:32 PM

နည်းပညာ website များ | The best of Myanmar IT website

နည်းပညာ website များ | The best of Myanmar IT website

နည်းပညာ website များ များစွာရှိတဲ့အထဲကမှ အမှန်တကယ် အသုံးဝင်တဲ့ Myanmar website တစ်ချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
Mystery (မသိခြင်းများ) Zillion (မြောက်များစွာ) ဆိုတဲ့အတိုင်း မသိတာမှန်သမျှ အကုန်မေးလို့ရတယ်၊ အဲဒီဆိုက်မှာလဲ သူများတွေ မေးထားကြတာ တစ်ကယ့် Zillion ပါပဲ၊ တစ်ခုတော့ရှိတယ် သူများဖိုရမ်ဝင်တော့မယ်ဆို သူ့စည်းကမ်းတော့ အရင်ဖတ်။ သူလည်း update တော့ သိပ်မဖြစ်ပေမယ့် သူများမေးထားတာတွေနဲ့တင် ခင်ဗျားလေ့လာလို့ မကုန်ဘူး။
ဒီဆိုက်ကတော့ အခု ခင်ဗျားဝင်ဖတ်နေတဲ့ website ပါပဲ၊ အချိန်ရရင် ရသလို သင်ခန်းစာတွေကို တင်ပေးထားတာ၊ အခုဆိုရင် Web Design Tutorials တွေရော၊ Web Development Tutorials ရော SEO Tutorials တွေရော များစွာ ရှိနေပါပြီ၊ နောက်ပိုင်းမှာ အချိန်တွေရဦးမယ်ဆိုရင် Graphics Design Tutorials တွေကော တင်ပေးသွားဖို့ ရှိပါတယ်။
Myanmar Web Development ဆိုတဲ့အတိုင်း web development တွေကို အမြဲတမ်း ရေးသားပေးနေတဲ့ website တစ်ခုဖြစ်ပါတယ်၊ အခုပေးလိုက်တဲ့ဆိုက်တွေထဲမှာ update အဖြစ်ဆုံး website တစ်ခုပါ။
Tutorials ဆိုတာကတော့ အကြောင်းအရာတစ်ခုကို ကိုယ်တိုင် ပြန်လေ့လာနိုင်ဖို့အတွက် ရှင်းပြခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဒီဆိုက်မှာတော့ ခင်ဗျားကို ကိုယ်တိုင် ပြန်လုပ်ရမယ့် လက်ချာတွေကို အဆင့်တွေ အဆင့်တွေနဲ့ ရှင်းပြထားပါတယ်။ လုပ်ရင် လုပ်သလောက် ခင်ဗျားအတွက် အကျိုးရှိပါတယ်။ တစ်ချိန်ကတော့ ဒီဆိုက်က အုန်းအုန်းကြွက်ကြွက် ရှိတဲ့ ဆိုက်ပါ။ ခုနောက်ပိုင်းတော့ ဆိုက်ပိုင်ရှင်က သိပ်မအားတော့လို့ထင်တယ်၊ သိပ်ပြီးတော့ ထပ်မတင်ဖြစ်သေးပါဘူး။ ဒါပေမယ့် ခင်ဗျားလေ့လာမယ်ဆိုရင်တောင် အရင်က တင်ထားတဲ့ tutorial အဟောင်းတွေကိုတောင် မနည်းကုန်အောင်လေ့လာရမှာမို့လို့ ခင်ဗျားအတွက် အကျိုးရှိပါတယ်။
ဒီဆိုက်နာမည်ကတော့ Myanmar IT Professional ပါ၊ မြန်မာနိုင်ငံမှာရှိတဲ့ IT လောကသားတွေ စုပေါင်းအသုံးကြတဲ့ social network ပေါ့၊ ဒါကြောင့် ဒီ ဝဘ်ဆိုက်မှာ member ဝင်ထားခြင်းအားဖြင့် တစ်ကယ့်လုပ်ငန်းခွင်ဝင်နေကြတဲ့ အိုင်တီသမားတွေ ဘာအခက်အခဲတွေ တွေ့နေကြလဲ၊ ဘယ်လိုတွေ ဖြေရှင်းကြလဲ၊ လဲ လဲ လဲ .. (အဲ ဆောရီး..) အဲဒါတွေ သိနိုင်တဲ့အပြင်၊ မြန်မာက အိုင်တီသမား အားလုံးကို ချည်တုပ်ပြီး တစ်နေရာတည်း စုထားတဲ့အတွက် ခင်ဗျားအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ အဲ … တစ်ခုတော့ ရှိတယ် အဲ့ဆိုက်မှာ မန်ဘာမဝင်ခင် ဆိုက်ရဲ့ စည်းကမ်းလေးတွေကိုတော့ သေချာဖတ်ပေါ့၊ မဟုတ်ရင် လူကြီးတွေဆိုတော့ ခင်ဗျားကို ဝိုင်းဆူကြလိမ့်မယ် .. :)
အခုတော့ ဒီလောက်ပါပဲ၊ နောက်မှ တွေ့တာလေးတွေရှိရင် ဒီ post မှာပဲ လာဖြည့်ပေးပါမယ်။ အသုံးဝင်တဲ့ website တွေတွေ့ရင်လည်း comment ရေးခဲ့ပါ၊ တစ်ကယ်အသုံးဝင်တဲ့ website ဆိုရင် comment ကို ဖော်ပြပေးပါမယ်၊ ပြီးတော့ website ကိုလည်း အပေါ်က list ထဲ ထည့်ပေးပါမယ်။

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.