June 13, 2025

Huawei U8818 ICS 4.0.3 တင်နည်းနှင့် Original Firmware ပြန်တင်နည်း


Huawei U8818 ICS 4.0.3 တင်နည်းနှင့် Original Firmware ပြန်တင်နည်း


Huawei U8818 ICS 4.0.3တင်ချင်ရင်ပဲဖြစ်ဖြစ် ORIGINAL Firmware ပြန်တင်ချင်ရင်ဘဲဖြစ်ဖြစ် အောက်ကနည်းတိုင်းလုပ်ပါ့မယ်အခုပာာကတော့ ICS firmwar 4.0.3 တင်နည်းပါပထမဦးဆုံး u8818 ရဲ့ ICS firmware ဖိုင်ကိုအရင်ဒေါင်းရပါမယ်။
ICS firmware 4.0.3 ကို ဒီမှာဒေါင်း ပါ
ပြီးရင် သင် ဒေါင်းထားတဲ့ zip ဖိုင် ကိုဖြည် လိုက်ပါ။dload ဆိုတဲ့ folder တစ်ခုရပါလိမ့်မယ်။
ထို folder ထဲမှာ UPDATE.APP ဖိုင် ကိုတွေ့ပါလိမ့်မယ်။ ဒုတိယအရေးကြီးတာကတော့ Kingstom SD ကဒ် 2GB (or) 4GB တစ်ကဒ်လိုပါလိမ့်မယ်။ Firmware တင်ဖို့က အဓိက SD card ကောင်းကောင်းတစ်ကဒ်လိုတာပေါ့။ ဘာလို့လဲဆိုတော့ သင် firmware ဖိုင်ကို ထည့်ထားပေမယ့် ဖုန်းက အလုပ်မလုပ်နိင်ခြင်း။ SD ကဒ်၏ စွမ်းဆောင်ရေ နည်းခြင်းကြောင့် ဖုန်း boot မှ SD card အား အတက်နေးခြင်း စသည့် အခြေအနေများကြောင့် Firmware တင်လို့မရခြင်းအခြေ အနေများစွာ ဖြစ်တတ်ပါတယ်။ ကဲစမယ်နော်။
၁။သင့်ဖုန်းအား Power ပိတ်လိုက်ပါ။ ပြီးရင် သင့် SD Card အား ကွန်ပျူတာတွင် တပ်ကာ Format ရိုက်လိုက်ပါ။
၂။ သင် ခုနက zip ဖိုင်ဖြည် ချထားတဲ့ (UPDATE.APP) ပါတဲ့ dload folder အား SD Copy ကူးထည့် လိုက်ပါ။
၃။သင့်ဖုန်းတွင် SD ကဒ်ပြန်တပ်လိုက်ပါ။
၎။ သင် ဖုန်းအား ပါဝါ ဖွင့်လိုက်ပါ။ပြီးရင် System Setting > Storage> Software Upgrade> SD card upgrade> Select “OK” ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။
၅။ ဘာမှလုပ်ပေးဖို့မလိုပဲ Firmware စတင်ပါလိမ့်မယ်။ Step 1> Step2 > Step 3 သူ့မှာသူအလိုလို အလုပ်လုပ်ပါလိမ့်မယ်။
၆။ ပြီးရင် Restart ကျပြီး Boot ပြန်တတ်လာပါလိမ့်မယ်။ Recover mode ကိုသူ့မှာသူ ၀င်သွားပါလိမ့်မယ်။
၇။ Restart ထပ်ကျပြီး ပြန်တက်လာလျှင် သင့်ဖုန်း ICS ဖြစ်သွားပါပြီ။ 😀
အခုအောက်ကနည်းလမ်းကတော့ Original Firmware ပြန်တင်နည်းပါ အောက်ကနည်းအတိုင်းဆက်လုပ်ပါ့မယ်
Original Firmware ကို ဒီမှာဒေါင်း ပါ အထက်မှာ ပြောထားတဲ့ နံပါတ် (၃) အဆင့်ထိ လုပ်သွားပါ။
၎။ ပြီးရင် သင့်ဖုန်းကို ပါဝါမဖွင့်ခင် Volum (+ ကော , – ကော)နှစ်ခုလုံးကိုဖိထားပါ။
၅။ ပြီးရင် ထိုနှစ်ခုလုံးကိုဖိထားပြီး POWER ခလုပ်ကိုပါ ထပ်ဖိထားပါ။ ထိုအချိန်မှာ နံပါတ်(၅) မှာရေးထားတဲ့အဆင့်တိုင်းအကုန်လုပ်သွားပါလိမ့်မယ်။
ကဲ အခုတော့ ကလိချင်တိုင်းကလိလို့ ရပါပြီဗျာ စိတ်မပူရတော့ဘူးပေါ့ပဲာပဲာ 😀

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.