May 6, 2025

ကိုယ်တိုင် လေ့ကျင့်ချင်သူများအတွက် IELTS Writing မိုဘိုင်း App

သင်ကြားရေး App



IELTS ဖြေဆိုတဲ့အခါမှာ အရေးအသားပိုင်းဟာလည်း အရေးကြီးအတွက် ဒီမိုဘိုင်း App ကို အသုံးပြုပြီး နာနာ လေ့ကျင့်လိုက်ပါ
Google Playstore မှာ ၄ ဒသမ ၈ မှတ်နဲ့ ကြယ်ငါးပွင့်အထိ ထောက်ခံချက်ရထားတဲ့ IELTS Writing မိုဘိုင်း App ဟာ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်တဲ့ IELTS ဖြေဆိုမယ့် သူများအတွက် များစွာ အထောက်အကူ ပေးနိုင်မှာပါ။

Install လုပ်ပြီးတာနဲ့ Online ဖွင့်စရာမလိုဘဲ အသုံးပြုနိုင်ပြီး Academic နဲ့ General လက်တွေ့သင်ခန်းစာ တွေနဲ့အတူ လေ့ကျင့်နိုင်မှာပါ။ အမေးအဖြေကဏ္ဍ၊ အဖြေလွှာပြန်တိုက်လို့ရတဲ့ လက်တွေ့ဖြေဆိုရန် မေးခွန်းများ၊ ပေးစာနမူနာ၊ ဂရပ်ဖ်နဲ့ အက်ဆေးနမူနာများလည်း ပါရှိပါတယ်။

App ထဲမှာ ကိုယ်လေ့လာချင်တဲ့အပိုင်းအလိုက် ၀င်ရောက်လေ့လာနိုင်မှာဖြစ်ကာ IELTS ဖြေဆိုရာမှာလိုအပ်တဲ့ လမ်းညွှန်မှုတွေကို စံနမူနာကောင်းများနဲ့တကွ သင်ကြားပြသပေးမှာဖြစ်တဲ့အတွက် အမှတ်ကောင်းကောင်း ရအောင် ကူညီပေးနိုင်မှာလည်း ဖြစ်ပါတယ်။ FR-solutions ကရေးဆွဲတဲ့ IELTS Writing Mobile App အောက်ကပေးထားတဲ့ Link မှတစ်ဆင့် ရယူနိုင်ပါတယ်။


Play store Link

Mirror Link

 

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.