June 12, 2025

iPhone 7 မှာ Home ခလုတ်ပျက်သွားရင်တောင် ဆက်လက်အသုံးပြုနိုင်ဖို့ Apple စီစဉ်ပေးထား


Apple ရဲ့ နောက်ဆုံးထုတ် iPhone 7 မှာ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုက Home ခလုတ်က တကယ်ဖိနှိပ်လို့ရတဲ့ ခလုတ်အရှင်မဟုတ်တော့ဘဲ၊ taptic engine သုံး ဖိအားသိခလုတ်သေတစ်ခု ဖြစ်သွားတာကို သိပြီးဖြစ်မှာပါ။
ဒီလို virtual ခလုတ်တစ်ခုအဖြစ်ပြောင်းလဲလိုက်တာက IP67 ရေစိမ်ခံအဆင့်သတ်မှတ်ချက်ရဖို့အတွက် အထောက်အကူပြုခဲ့သလို၊ နောက်ထပ်အားသာချက်တစ်ခုလည်း ရှိပါသေးတယ်။
ဒါကတော့ iOS ရဲ့ diagnostic software ကနေ Home ခလုတ်မှာ taptic engine ဖြစ်ဖြစ် တစ်ခုခုချို့ယွင်းနေပြီလို့ သိတာနဲ့ စခရင်အပေါ်မှာ ဟုမ်းခလုတ်အစားထိုးခလုတ်တစ်ခု ဖော်ပြပေးမှာဖြစ်ပါတယ်။
iphone7
ဒီအချက်ကိုတော့ MacRumors ဆိုက်ဖိုရမ်အသုံးပြုသူတစ်ဦးက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ အားသွင်းနေရင်းနဲ့ ဖုန်းပိတ်သွားပြီးနောက်မှာ Home Button အစား စခရင်ပေါ်ကဟုမ်းခလုတ်ကို သုံးပေးဖို့ မက်ဆေ့ကို တွေ့ခဲ့ရတာဖြစ်ပါတယ်။  ဖုန်းကို restart ချကြည့်ပြီးနောက်မှာ Home Button ခလုတ်က ခဏအလုပ်လုပ်နေပေမယ့်၊ မကြာခင်မှာတော့ တစ်ချက်နှိပ်လိုက်တိုင်း သုံးလေးချက်ဆက်တိုက်တုံ့ပြန်မှု လုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ Home Button က လုံးဝအလုပ်မလုပ်တော့ဘဲ၊ စခရင်ပေါ်က ဟုမ်းကီးနဲ့သာ သုံးလိုက်ရကြောင်း ရေးသားထားပါတယ်။
ဒီအတွက်ကြောင့် iPhone 7 အသုံးပြုသူတွေအနေနဲ့ Home Button ရုတ်တရက်ချို့ယွင်းသွားရင်တောင် စခရင်ပေါ်က ဟုမ်းခလုတ်နဲ့ အဆင်ပြေပြေသုံးနေနိုင်မှာဖြစ်ပါတယ်။
Apple ဟာ နောက်ထုတ်မယ့် iPhone 8 မှာ Home Button ကို လုံးဝဖြုတ်ပစ်မယ်ဆိုတဲ့ သတင်းတွေက ဒီတိုင်းဆို တကယ်မှန်လာနိုင်ပါတယ်။
Ref: The Next Web , http://digitaltimes.com.mm/








(Here) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နှာသို့သွားရန် - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.