May 7, 202501:10:34 PM

✿ Zapya Or Xender App များ မလိုဘဲနှင့် File Share နည်း ✿




Zapy  တို့ Xender တို့အကူအညီမပါဘဲ ဖုန်းနဲ့ကွန်ပြူတာကို ဘယ်လို  File Sharing လုပ်ကြမလဲ?။
ရိုးရိုးလေးပါပဲ။ ဖုန်းနဲ့ ကွန်ပြူတာ ၂ ခုစလုံးဟာ OS တွေဖြစ်တဲ့အတွက်ကြောင့် OS ၂ ခုကို File Share လုပ်ဖို့အတွက် တဖက်က Server ထောင်မယ်။
တစ်ဖက်ကတော့ Client အနေဖြင့် File တွေကို ဝင်ပြီး Access လုပ်နိုင်ပါတယ်။
အဲတော့ ဘယ်စက်က Server ထောင်ပြီး ဘယ်စက်က Client လုပ်ရမလည်း။
ဒါကလည်း သိပ်ပြီးစဉ်းစားနေစရာမလိုပါဘူး။ OS ၂ မျိုးစလုံးမှာ Server ရော Client ရောအတွက် App တွေအလွယ်ရရှိနိုင်ပါတယ်။
ယခုပို့စ် မှာတော့ Android ဘက်မှာ FTP Server ထောင်ပြီး Computer ဘက်ကနေ Client အနေဖြင့် ဝင်ရောက်သုံးစွဲမှုကို ဖော်ပြပေးသွားပါ့မယ်။

Android အတွက် FTP Server ကို အရင်ဆုံး Download ရယူပါ။

PC အတွက် Filezilla Client ကိုလည်း Download ရယူထားပေးပါအုံး။

Linux အတွက်လည်း ပါတယ်နော်... အဆင်ပြေမှသာ Download ရယူပါ။

အသုံးပြုနည်း

**********

Step 1
ပထမအဆင့်အနေနဲ့ ဖုန်းကနေ  Hotspot ထောင်ပြီး ကွန်ပြူတာဘက်ကနေ ချိတ်ပေးရပါ့မယ်။ အဲဒီနောက်မှာ Android FTP Server ကိုဖွင့်ပါ။




Step 2
ဒုတိယအဆင့်အနေနဲ့ ဖွင့်ထားတဲ့ FTP Server ရဲ့ Power အနီရောင် Sign ကိုနှိပ်ပြီး Android FTP Service ကိုဖွင့်ပေးပါ။



 Step 3
အခုလိုဖွင့်ပေးလိုက်တာနဲ့တပြိုင်နက် Power Sign ဟာ အစိမ်းရောင်အဆင့်ကို ပြောင်းလဲပေးသွားပြီး File Sharing အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။



Step 4
ကွန်ပြူတာမှာ Filezilla ကို Install လုပ်ပြီး အဆင့် ၃ မှာပါတဲ့ပုံထဲကအတိုင်း IP ၊ Port ၊ Username၊ Password တို့ကိုမှန်မှန်ကန်ကန်ဖြည့်ပေးလိုက်ပြီး Connect လုပ်ပေးလိုက်ပါ။



Step 5
အခုလိုဆိုရင်တော့ ကျနော်တို့ကွန်ပြူတာကနေ ဖုန်းဆီသို့ File များကို Upload ၊ Download လုပ်ခြင်းဖြင့် Zapya တို့ကဲ့သို့ File Share ပြုလုပ်နိုင်ပါပြီ။ 
အကယ်၍ Username၊ Password၊ Port၊ File Sharing Location များကို
 ပြောင်းလဲမှုများပြုလုပ်ပေးချင်ပါကလည်း 
Android FTP Server ရဲ့ Setting ထဲမှာပြုလုပ်ပေးနိုင်ပါတယ်။




(www.mehn-mm.com) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

( ::::: www.chanmyaemaung.net ::::: )


ချမ်းမြေ့ရဲ့ Facebook စာမျက်နျှာသို့ - ( နှိပ်လိုက်ပါ)

*******************************************************

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးတွင် *Like & Follow  လုပ်ထားရင်ဖြင့်
 နောက်ဆုံးထွက် နည်းပညာ Update Post များစွာကိုမြင်ရမည်ဖြစ်တဲ့အတွက်ကြောင့်
 Like & Follow လုပ်ဖို့ မမေ့နဲ့နော်...။



ADMIN: CHAN MYAE MAUNG
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက
  ကျွန်တော် ချမ်မြေ့းရဲ့မှားယွင်းမှုပါခင်ဗျာ။
ချမ်းမြေ့ရဲ့ Blog Site လေးမှာ Post များဝင်ရောက်ရေးသားချင်တယ်ဆိုရင်တော့ 
လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ။
အကယ်၍ ချမ်းမြေ့ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
info@chanmyaemaung.com
ချမ်းမြေ့မောင် ( IT-Zone )
**************************************************************************

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.