
ဓာတ်ပုံကနေ ပန်းချီအဖြစ်ပြောင်းလဲရာမှာ နာမည်ကျော်ကြားတဲ့ App တစ်ခုဖြစ်တဲ့ Prisma ဟာ ယခုအခါမှာ ပုံရိပ်တွေကို သာမက
၁၅စက္ကန့်ကြာ ဗီဒီယိုကလစ်တွေကိုပါ ပန်းချီဗီဒီယိုတွေအဖြစ်နဲ့ ပြောင်းလဲနိုင်အောင် iOS ပစ္စည်းတွေမှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
ဒါဟာဆိုရင် App ကို ကာတွန်း အန်နီမေးရှင်းဗီဒီယိုတွေ ဖန်တီးလို့ ရသလိုတောင် ပြုလုပ်ပေးလိုက်သလိုပါပဲ။
ဒီပရောဆက်အားလုံးကို စမတ်ဖုန်းတွေမှာ စတင်ရရှိနိုင်ပြီဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ Prisma ဗီဒီယိုတွေကို အင်တာနက် ကွန်နက်ရှင်မလိုအပ်ပဲနဲ့လည်း ပြုလုပ်နိုင်မှာပါ။
ဒီလိုပြုလုပ်ဖို့အတွက် Filter ဒါမှာမဟုတ် ‘Styles’ အမျိုးအစား ကိုးမျိုး ပြောင်းလဲပြီး ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်အသစ်တစ်ရပ်ကို ထည့်သွင်းပေးထားပါတယ်။
Prisma ကို ဒီနှစ်ဇွန်လမှာ စတင် ထုတ်လုပ်ခဲ့ပြီး အရင်ဦးဆုံးအနေနဲ့ iOS တွေမှာ ရရှိနိုင်အောင် ပြုလုပ်ပေးခဲ့ပြီး နောက်ထပ် တစ်လအကြာမှာ Android အသုံးပြုသူတွေပါ ရရှိခဲ့ပါတယ်။
App ကို ရရှိတဲ့ ပထမဆုံး လမှာတင်ပဲ Free အနေနဲ့ ပေးခဲ့ပြီး ဒေါင်းလုဒ်လုပ်သူပေါင်း ၁၀သန်းကျော် ရှိခဲ့ပါတယ်။
App ရဲ့ ထည့်သွင်းထားတဲ့ အချက်အလက်တွေထဲမှာ AI စနစ်ပါဝင်တဲ့ Deep Learning Algorithms တစ်မျိုးထည့်သွင်းပြီး ဓာတ်ပုံတွေကို ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။
Prisma ကတော့ ဒီလုပ်ဆောင်ချက် Process ဟာ သာမန်ဓာတ်ပုံ Filter တွေနဲ့ လုံးဝကွဲပြားပြီး App ဟာ ရရှိလာတဲ့
ဒေတာပေါ်အခြေခံကာ ဒီပုံရိပ်အသစ် တစ်ခုအနေနဲ့ ဖန်တီးလိုက်တာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
လက်ရှိမှာ ဗီဒီယိုတွေကို Filter ၉ခုနဲ့ ရရှိတာ ဖြစ်ပေမယ့် Developers တွေအနေနဲ့ နောက်ထပ် ထပ်မံထည့်သွင်းဖို့ရှိနေကြာင်း၊
App ရဲ့ အသံဟာ အခုထက်ပိုအသုံးဝင်သင့်ကြောင်း Prisma ရဲ့ နောက်ဆုံး ပုံစံတစ်ရပ်မဟုတ်သေးကြောင်း ဆိုခဲ့ပါတယ်။
မကြာခင်ကာလလေးအတွင်းမှာတင် GIFs တွေကိုပါ ပြောင်းလဲပေးနိုင်ဖို့အတွက် အားစိုက်လုပ်ဆောင်နေကြောင်းလည်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Android အတွက် ဗီဒီယိုတွေ ပြောင်းလဲနိုင်မယ့် လုပ်ဆောင်ချက်ကိုတော့ နောက်ထပ်နှစ်ပတ်နေလို့ရှိရင် ထုတ်လုပ်မှာ ဖြစ်ကြောင်း မော်စကိုအခြေစိုက်ကုမ္ပဏီ ကဆိုပါတယ်။
Credit To... (Digital Time)
www.chanmyaemaung.net
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net
My Facebook Wall- ( နှိပ်လိုက်ပါ)
====================ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment