May 29, 2025

✿ Android Phone ရဲ့ ကင်မရာကို အသုံးချနည်း လေးနည်း ✿



Android Phone မှာ ကင်မရာဟာ မပါမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

ကင်မရာကနေ နေ့စဉ်လူနေမှုဘ၀တွေကို မှတ်တမ်းတင်ပြီး လူမှုကွန်ရက်တွေမှာ မျှဝေနိုင်ပါတယ်။

ဒါပေမယ့် Android Phone နဲ့ Tablet တွေမှာ ပါတဲ့ ကင်မရာဟာ သင်ထင်ထားတာထက် အသုံးဝင်ပါတယ်။

Apps တွေကို အသုံးချပြီး Android Device ရဲ့ ကင်မရာကို ကလေးစောင့်ကြည့်တဲ့ ကင်မရာ၊ နေအိမ်လုံခြုံရေး ကင်မရာ၊

ကားမှာ တပ်ဆင်တဲ့ Dash Cam ၊ ပုံနှိပ်စာရွက်စာတမ်းတွေကို Scan ပြုလုပ်နိုင်တဲ့ Scanner နဲ့

ညအချိန်မှာ ကောင်းကင်ယံကို ကြည့်ရှုနိုင်တဲ့ Telescope အဖြစ် အသုံးပြုနိုင်ပါတယ်။

Dash Cam

*********

ယာဉ်တိုက်မှုဖြစ်ပွားရင် ဘယ်သူ့အမှားလဲဆိုတာ သိနိုင်ဖို့ ကားမှာ Dash Cam တွေ တပ်ဆင်အသုံးပြုမှုများပြားလာနေပါတယ်။

 စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တစ်ခုရှိရင် Dash Cam သီးခြား ၀ယ်စရာပါဘူး။

စမတ်ဖုန်း၊ တက်ဘလက်ကို ကားရဲ့ Dashboard ပေါ်မှာ Stand or Holder တစ်ခုနဲ့ တင်ထားပြီး

Dash Cam လို အသုံးပြုဖို့ သင့်တော်တဲ့ App တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။

Dash Cam Apps များစွာ ရှိပြီး Navigation လို့ ခေါ်တဲ့ တည်နေရာညွှန်ပြမှု စွမ်းဆောင်ချက်ပါပါတဲ့ Apps များကတော့

 DailyRoads Voyager, CaroO, AutoGuard Dash Cam , CamOnRoad တို့ ဖြစ်ပါတယ်။

အဲဒီ Apps များကို Google Play Store ကနေ ရယူနိုင်ပါတယ်။

အဲဒီ Apps များဟာ သင့်ကား ရှေ့မှ မြင်ကွင်းများကို စဉ်ဆက်မပြတ် ဗီဒီယို ရိုက်ကူးပေးနေပြီး နေ့စွဲ၊ အချိန်၊ အမြန်နှုန်းများနှင့်တကွ မှတ်တမ်းတင်ပေးနိုင်ပါတယ်။

1

Baby or Security Camera

*********************

သင့်မှာ Android Phone, Tablet အဟောင်းတစ်ခုရှိရင် နေအိမ်လုံခြုံရေးနဲ့ ကလေးစောင့်ကြည့်တဲ့ ကင်မရာ အဖြစ် အသုံးပြုနိုင်ပါတယ်။

ဖုန်းအဟောင်းမှ ကင်မရာကနေ ကလေးနဲ့ နေအိမ်ကို စဉ်ဆက်မပြတ် ဗီဒီယိုရိုက်ကူးပေးနေမှာ ဖြစ်ပြီး

 အခြား Android Phone ဒါမှမဟုတ် ဘရောက်စာတစ်ခုကနေ အဝေးမှ ကြည့်ရှုနိုင်ပါတယ်။

ကလေးစောင့်ကြည့်ဖို့အတွက် Dormi ဆိုတဲ့ App ကို အသုံးပြုနိုင်ပါတယ်။

နောက်ထပ် ရွေးချယ်စရာတွေက Baby Monitor & Alarm , BabyCam တို့ ဖြစ်ပါတယ်။

နေအိမ်လုံခြုံရေးအတွက်တော့ လှုပ်ရှားမှုကို အာရုံခံနိုင်ပြီး Video Upload စွမ်းဆောင်တွေပါတဲ့

 Smart Home Security WardenCam နဲ့ Home Security IPCamera တို့က အကောင်းဆုံးပါ။

2

Document Scanner

*****************

ပုံနှိပ်စာရွက်စာတမ်းတွေကို Scan ပြုလုပ်ဖို့ Scanner တွေ မလိုအပ်တော့ပါဘူး။

စမတ်ဖုန်းတစ်လုံးရှိရင် အဆင်ပြေပါပြီ။ စာရွက်စာတမ်းတွေ၊ ငွေရပြေစာဖြတ်ပိုင်းတွေ၊

Business Cards တွေနဲ့ အခြား ပုံနှိပ်စာရွက်တွေကို တိတိကျကျ ဖတ်ရှုပြီး PDF ဖိုင်လို ကွန်ပြူတာနဲ့

မိုဘိုင်းဖုန်းမှာ ဖတ်ရှုနိုင်တဲ့ ဖော်မက်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Apps များစွာ ရှိပါတယ်။

Google Drive App မှာ စွမ်းဆောင်ရည်မြင့်တဲ့ Scan စွမ်းဆောင်ချက်ပါရှိပါတယ်။

 Scan ပြုလုပ်လိုက်တဲ့ စာရွက်စာတမ်းတွေကို ဖုန်းမှာ သိမ်းနိုင်သလို Cloud မှာ သိမ်းနိုင်ပါတယ်။

 CamScanner ကလည်း တည်းဖြတ်နိုင်တဲ့ စွမ်းဆောင်ချက်များစွာပါတဲ့ ကောင်းမွန်တဲ့ App တစ်ခုပါ။

3

Telescope

*********

Star Walk ကတော့ ညအချိန် ကောင်းကင်ယံမှ မြင်ကွင်းများကို Augmented Reality မြင်ကွင်းနဲ့ ပြသပေးနိုင်ပါတယ်။

 ညအချိန် ကောင်းကင်ယံကို ဖုန်းကင်မရာနဲ့ ချိန်ရွယ်လိုက်တာနဲ့ Star Walk က ပဉ္စလက်ဆန်တဲ့ ပြကွက်ကို ဖန်တီးပေးမှာပါ။

 ကြယ်များနဲ့ ကြယ်တာရာများကို Zoom ဆွဲကြည့်နိုင်ပါတယ်။ App မှာ ဂလက်ဆီထဲမှ ကြယ်များနဲ့ ဂြိုလ်များ အကြောင်းနဲ့ ပတ်သက်တဲ့

 သတင်းအချက်အလက်များစွာကို ပံ့ပိုးပေးထားပါတယ်။

SkEye နဲ့ Star Chart တို့ကလည်း ကောင်းမွန်တဲ့ ရွေးချယ်စရာတွေပါပဲ။

 Telescope Zoomer ကတော့ Phone Camera App ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး

အရာဝတ္ထုတွေကို ၁၀၀ ဆ ချဲ့ကြည့်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

( ၁၀၀ ဆလောက်ချဲ့ကြည့်ရင်တော့ ကြည်လင်ပြတ်သားစွာ မြင်ရမှာ မဟုတ်ပါဘူး။ )

(blog.myanmardigitallife.com) မှတစ်ဆင့်
ပြန်လည် မျှဝေဖော်ပြထားခြင်းဖြစ်ပါသည်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )

ဝ===ဝ CHAN LAY (MCMM) ဝ===ဝ

www.chanmyaemaung.net



  My Facebook Wall- ( နှိပ်လိုက်ပါ)

====================

ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.