May 24, 202509:08:01 PM

Computer Harddisk ကို Partation ခွဲနည်း / ပြန်ပေါင်းနည်း (Software မလို)

Computer Harddisk Partation ခွဲနည်း
======================

၁။My Computer ကို Right Click ပေးပါ။

၂။Disk Managememt ကို Click ပါ။

၃။ဒီနေရာရောက်ရင် Computer HardDisk ရဲ့ Partation တွေကိုပုံစံ ၂ မျိုးနဲ့မြင်တွေ့ရပါလိမ့်မယ်။အပေါ်ဖက်မှာပြထားတဲ့ပုံစံက My Computer ကိုဖွင့်လိုက်တဲ့အခါမြင်တွေ့ရလေ့ရှိတဲ့ ပုံစံပါ၊အဲဒီအကန့်ကကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ကျွန်တော်တို့နဲ့ဆိုင်တာကအောက်ဖက်မှာမြင်ရတဲ့ဘေးတိုက်အကန့်ပါ။
အောက်ဖက်အခြမ်း/ဘေးတိုက်အကန့်မှာ Harddisk ရဲ့ မူလကပိုင်းထားတဲ့Partation တွေကိုမြင်ရပါလိမ့်မယ်။ကျွန်တော်ရဲ့ Computer မှာတော့ (C ), (D) , (E) ဆိုပြီး Partation ၃ ခုရှိပါတယ်။အဲဒီ Partation ၃ ခုထဲက 500GB ပမာဏရှိတဲ့ (D) ဆိုတဲ့ Partation ထဲကနေ 100GB ကိုခွဲထုတ်မှာပါ။အဲဒီတော့အခုရောက်နေတဲ့ My Computer >> Disk Management နေရာမှာ ကျွန်တော်တို့နဲ့သက်ဆိုင်တဲ့အောက်ဖက်မှာမြင်ရတဲ့ဘေးတိုက်အကန့်က (D) partation ကို Right Click ပေးလိုက်ပါတယ်။

၎။Shrink Volume ကို Click ပါ။

၅။Shrink D: ဆိုတဲ့ box လေးကျလာပါမယ်။အဲဒီ box ကလေးထဲက ၃ ခုမြောက် Enter the amount of space to shrink in MB  အကွက်ကလေးထဲမှာနောက်ထပ်ခွဲထုတ်မယ့် Harddisk ရဲ့ပမာဏကိုထည့်ပါ။ကွန်တော်က 500GB ပမာဏရှိတဲ့ထဲက 100GB ကိုခွဲထုတ်မှာဖြစ်တဲ့အတွက်စောစောကကျွန်တော်ပြောတဲ့ ၃ ခုမြောက်က Enter the amount of space to shrink in MB ဆိုတဲ့အကွက်ကလေးမှာ 102400 (102400 ဆိုတာ 102400MB ပါ) ဆိုပြီးရိုက်ထဲ့ပြီးတော့ Shrink ကို Click လိုက်ပါတယ်။

၆။ Next

၇။ Next

၉။ Next

၁၀။New Simple Volume ဆိုတဲ့နေရာရောက်သွားပါလိမ့်မယ်။အဲဒီနေရာရောက်ရင် Volume label ဆိုတဲ့ ကွပ်လပ်လေးမှာနံမည်ပေးရပါမယ်။အခြား Partation ၃ ခုက (C) (D) (E) ဆိုတော့ကျွန်တော်က (F) လို့နံမည်ပေးလိုက်ပါတယ်။ပြီးရင် Next ပေါ့။

၁၁။ Finish ဆိုရင် Harddisk partation ပိုင်းခြင်းကိစ္စပြီးပါပြီ။





Computer Harddisk Partation ပြန်ပေါင်းနည်း
=======================

၁။My Computer ကို Right Click ပေးပါ။

၂။Disk Managememt ကို Click ပါ။

၃။(F) ဆိုတဲ့ partation ကို စောစောကခွဲထုတ်ခဲ့တဲ့ (D) ထဲကိုပြန်ပေါင်းမှာပါ။ပထမဆုံး Partation (F) Delete လုပ်ရပါမယ်။အခုရောက်နေတဲ့ My Computer >> Disk Managememt မှာ (F) ကို Right click ပေးပါ။

၎။Delete Volume ကို Click ပါ > Yes > Yes ကို Click ပါ။

၅။ပြီးရင် Partation (D) ကို Right click ပေးပါ။

၆။ Extend Volume ကို Click ပါ။

၇။ Next

၈။ Next

၉။ Finish ဆိုရင် Partation ပြန်ပေါင်းခြင်းကိစ္စပြီးပါပြီ။







(ကျွန်တော်တင်တဲ့ပို့စ်မှန်သမျှကိုအကြိုက်တူရင်လွတ်လပ်စွာ Share နိုင်သလို/Credit မပေးပဲလည်းပြန်တင်နိုင်ပါတယ်.ကျွန်တော့်နံမည်လည်းဖြုတ်ချခဲ့နိုင်ပါတယ်)












နည်းပညာလေ့လာနေသူများနဲ့/Free Sharing သမားများကိုအစဉ်လေးစားလျက် ...

ဇော်မျိုးထက်
www.mmitfamily.com


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.