April 30, 202507:44:59 AM

Computer CPU Generation ခွဲခြားနည်း

Computer CPU Generation ကိုဘယ်လိုခွဲခြားရမလဲမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအတွက် Computer CPU Generation ခွဲခြားနည်းကိုကျွန်တော်နားလည်ထားသလိုလိုရင်းပဲပြောပြပေးပါမယ်။

ပထမဆုံးအနေနဲ့ My Computer ကို Right click ပေးပါ

ဒုတိယအနေနဲ့ Properties ကို Click ပါ

အဲဒီမှာကွန်ပြူတာမှာသုံးထားတဲ့ Hardware အစိတ်အပိုင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။

ဒါပေမယ့်ကျွန်တော်တို့တွေက CPU ကို Generation ခွဲခြားဖို့ပဲကြည့်မှာဆိုတော့ CPU ကိုပဲကြည့်ပါ။


အဲဒီမှာ ...


CPU က i5 - 6400 ဘာညာ ဘာညာပေါ့ဗျာ


i5 - နောက်က 6 ဆိုရင် 6 Generation ပေါ့ဗျာ


အဲလိုပဲပေါ့


i3 - 5005U ဆိုရင် i3 - နောက်က 5 ဆိုတော့ 5 Generation လို့သိထားရမှာပါ


အဲလောက်ဆိုရင်ကျွန်တော်သဘောပေါက်ထားသလိုပဲ Computer ရဲ့ CPU Generation ကိုဘယ်လိုခွဲရမယ်ဆိုတာကိုမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအနေနဲ့သိသွားလောက်ပြီလို့မျှော်လင့်ပါတယ်ဗျ။







ဘာရယ်မဟုတ်ဘူး
တစ်ညလုံးအခုထိဘယ်လိုမှအိပ်မရတာနဲ့အကျိုးရှိမယ့်အလုပ်ကလေးဖြစ်မယ်ထင်လို့ရေးဖြစ်တင်ဖြစ်သွားတာပါ။အမှားပါသွားမယ်ဆိုရင်ဝေဖန်ထောက်ပြဖို့မျှော်လင့်ပါတယ်။










နည်းပညာလေ့လာနေသူများနဲ့/Free Sharing သမားများကိုအစဉ်လေးစားလျက် ...

ဇော်မျိုးထက်
www.mmitfamily.com


Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.