Xiaomi ပရိတ်သတ်တွေ၊ အထူးသဖြင့် တန်ဖိုးနည်း Redmi ဖုန်းတွေကို နှစ်ခြိုက်သူတွေ စောင့်မျှော်နေတဲ့ Redmi Note 4 ဖုန်းဟာ မနေ့က တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ RAM 2GB နဲ့ RAM 3GB ဆိုပြီး နှစ်မျိုးနှစ်စား ထွက်ရှိမှာဖြစ်ပါတယ်။
RAM 2GB နဲ့ ဖုန်းတွင်း storage 16GB မော်ဒယ်က တရုတ်ယွမ်ငွေ ၈၉၉ ( မြန်မာငွေ ၁ သိန်း ၆ သောင်းဝန်းကျင်) ရှိကာ၊ RAM 3GB နဲ့ 64GB storage မော်ဒယ်ကတော့ ယွမ်ငွေ ၁၁၉၉ ( မြန်မာငွေ ၂ သိန်း ၂ သောင်းဝန်းကျင်) ရှိပါတယ်။ တရုတ်နိုင်ငံမှာ သြဂတ်စ်လ ၂၆ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ကာ၊ ကုမ္ပဏီရဲ့ အွန်လိုင်းစတိုး Mi.com ကနေလည်း ဝယ်ယူရရှိနိုင်မှာပါ။
Redmi စီးရီးရဲ့ နောက်ဆုံးစမတ်ဖုန်းဖြစ်တဲ့ Redmi Note 4 ဖုန်းရဲ့ အထူးခြားဆုံးအချက်ကတော့ 4100mAh ဘက်ထရီပဲဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်ကတော့ ၅.၅ လက်မဖြစ်ပြီး၊ full-HD (1080×1920 pixel) resolution နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်ဘေးအစွန်းဘက်မှာ အနည်းငယ်လေးကွေးသွားတဲ့ 2.5D curved glass ကို အသုံးပြုထားပြီး၊ ဒီဇိုင်းပိုင်းက Redmi Note 3 ထက် ပိုမိုဆွဲဆောင်မှုရှိလာတာကို တွေ့ရပါတယ်။

Snapdragon ချစ်ပ်အစား deca-core MediaTek Helio X20 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ GPU ပိုင်းအတွက်ကတော့ Mali-T880 MP4 GPU နဲ့ ဖြစ်ပါတယ်။
RAM 2GB အလုံးကော 3GB အလုံးကော microSD ကတ် 128GB အထိ စိုက်နိုင်ပါတယ်။ နှစ်မျိုးစပ် SIM tray နဲ့ ဖြစ်တာကြောင့်၊ SIM နှစ်ကတ်စိုက်ချင်ရင်တော့ microSD ကတ် ခဏဖြုတ်ထားရမှာပါ။
Redmi Note 4 ရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ Android 6.0 Marshmallow အခြေခံ MIUI 8 နဲ့ တန်းလာမှာဖြစ်တာကြောင့်၊ Android M သုံးချင်သူ Redmi ပရိတ်သတ်တွေအကြိုက်ပါပဲ။
ထုံးစံအတိုင်း သတ္တုကိုယ်ထည်နဲ့ဖြစ်ကာ၊ ကျောဘက်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ LED ဖလက်ရှ်မီးနှစ်လုံးတွဲပါ 13MP ကျောကင်မရာ နဲ့ 5MP ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ ရှေ့ကင်မရာက Xiaomi ရဲ့ အဆိုအရ ၈၅ ဒီဂရီအထိ မြင်ကွင်းကျယ်ကျယ်ရိုက်ကူးနိုင်တယ်လို့ သိရပါတယ်။
Credit To... (digitaltimes.com.mm)
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net
ADMIN:CHAN LAY
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment