
Samsung Galaxy Note Edge N915G/P/V/F/R4/T/FY All Model ဖုန်းများအတွက်
ဗားရှင်း Android 6.0.1 Marshmallow ကို Root လုပ်နည်းတောင်းဆိုထားတဲ့သူအတွက်ပါ။
ဒီဖုန်းများ၏ Android 6.0.1 Marshmallow ကို Root လုပ်မယ်ဆိုရင်တော့
June 9, 2016 ရက်နေ့လောက်မှာ အသစ်ထပ်တက်လာတဲ့ chainfire ရဲ့
CF-Auto-Root ဖိုင်ဖြင့် Odin Flash Tool မှ အလွယ်တကူ Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်းကိုတော့ အခုလောက်ဆိုရင်တော့ အားလုံးလည်း
လုပ်တတ်နေကြလောက်ပါပြီ Rooting Process တစ်ခုအတွက် တကယ် 100% ပြည့်
စိတ်ချပါတယ်၊ One Click လည်းဖြစ်တာမို့ စိတ်ချလက်ချဖြင့် Root ဖောက်ယူနိုင်ပါတယ်။
မှတ်ချက်
=====#ဖေါ်ပြပါ နည်းလမ်းသည် Galaxy Note Edge N915G All Model များအတွက်သာ
သီးသန့်ဖြစ်ပြီး တစ်ခြား Device များကိုထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်။
#ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ warranty ကို ပျစ်စေနိုင်ပါတယ်။
#Root ရန်အတွက် Instruction ကိုအတိုင်းပြုလုပ်ပါရန်။
#မိမိဖုန်းမှာ Brick တစ်ခုခုဖြစ်ခဲ့သော် ဇူးနစ်(နည်းပညာ)မှ တာဝန်မယူပါ။
#ဖုန်းက erase ဖြစ်နိုင်တာမို့ Backup ပြုလုပ်ထားလိုက်ပါ။
#ဖုန်းမှာ ဘက်ထရီအား အနည်းဆုံး 50-60% charge ရှိနေရပါမည်။
Root လုပ်ခြင်း၏ ကောင်းကျိုးအချို့
===================၁။ သင့်ဖုန်းကို Custom Rom & Kernel များထည့်သွင်းနိုင်ပါတယ်။
၂။ Ads များကို Block ပြုလုပ်ထားနိုင်ပါတယ်။
၃။ Performance နှင့် battery life အပါအ၀င်
background process များကို စိတ်ကြိုက် စီမံထားနိုင်ပါတယ်။
၎။ Titanium Backup စတဲ့ Data recovery apps များကို အသုံးပြုပြီး
apps and data များကို Backup & Restore အလွယ်ပြုလုပ်ယူနိုင်ပါတယ်။
၅။ မလိုအပ်တဲ့ apps များနဲ့ bloatware ဆော့ဝဲများကို
အလွယ်တကူ uninstall ပြုလုပ်နိုင်ပါတယ်။
လိုအပ်ချက်များ
=========၁။ Samsung USB Driver for window
၂။ CF-Auto-Root for Galaxy Note Edge N915G All Model
၃။ Odin Flash Tool
Samsung Android USB Driver for Window
Download the latest Odin flashing Tool
CF-Auto-Root for Galaxy Note Edge N915G All Model
=======================================CF-Auto-Root for Samsung Galaxy Note Edge SM-N915G
CF-Auto-Root for Samsung Galaxy Note Edge SM-N915P
CF-Auto-Root for Samsung Galaxy Note Edge SM-N915R4
CF-Auto-Root ဖိုင်ဖြင့် Root လုပ်နည်း
=========================ဖုန်းမှာ OEM & USB Debugging mode ကို Enable ပြုလုပ်ပါ။
ဒေါင်းလို့ရလာတဲ့ Odin & Root zip ကိုဖြည်လိုက်ပါ
Odin ကိုဖွင့်လိုက်ပြီး PDA ဆိုတဲ့နေရာမှာ CF-Auto-Root ဖိုင်ကိုထည့်လိုက်ပါ။
ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ
Root Checker ဖြင့်စမ်းသပ်ကြည့်လိုက်ပါ။
Special Credit ===> ဇူးနစ်(နည်းပညာ)
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net/
My Facebook Wall- (HERE)
====================ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
Post a Comment