Pen drive တွေမှာ Bad Sector တွေရှိနေတဲ့အတွက် ဖယ်ရှားရှင်းလင်းချင်သူတွေ အနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Bad Sector ကို ဖယ်ရှားရှင်းလင်းဖို့အတွက် Windows Explorer ကနေ ဖြေရှင်းနည်းနဲ့ Command Prompt ကနေ ဖြေရှင်းနည်း ၂ နည်းရှိပါတယ်။
Windows Explorer ကနေ ရှင်းလင်းမယ်ဆိုရင် ကွန်ပျူတာမှာ Pen drive ကို တပ်လိုက်ပါ။ ပြီးသွားရင် My Computer သို့မဟုတ် Windows 8 / 10 တွေမှာ This PC ဆိုတာကို ဖွင့်ပြီး Pendrive ကို Right-click နှိပ်ကာ Properties ဆိုတာကို ရွေးချယ်ပေးရပါမယ်။ Properties ကိုရွေးချယ်ပြီးသွားရင် Tool ဆိုတဲ့ button ကိုရွေးချယ်ပြီး Check ဆိုတဲ့ button ကို နှိပ်ရပါမယ်။
Check ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီးရင် Scan for and attempt recovery of bad sector ကို အမှန်ခြစ်ရွေးပြီး Start ကို နှိပ်ရပါမယ်။ ဒီနေရာမှာ သတိထားရမှာကတော့ Pendrive ကို check ပြုလုပ်မယ့် အချိန်မှာ Pendrive ကနေ ဘယ်ဖိုင်ကိုမှ အသုံးမပြုရပါဘူး။
ပြီးသွားရင် ဖော်ပြထားတဲ့ လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက်လုပ်ဆောင် ရပါမယ်။
အကယ်၍ အထက်ပါနည်းလမ်းနဲ့ အဆင်မပြေဘူး ဆိုရင်တော့ Command Prompt ကနေ ပြုလုပ်နိုင်ပါတယ်။ Command prompt ကနေ အသုံးပြုမယ်ဆိုရင် command prompt ကို admin mode နဲ့ ဖွင့်ရပါမယ်။
Command prompt ထဲမှာ chkdsk (drive letter): ဆိုတဲ့ command ရိုက်ထည့်ရပါမယ်။ ဥပမာ pen drive က F ဆိုရင် chkdsk F: ဆိုပြီး ရိုက်ထည့်လိုက်ပါ။
ပြီးသွားရင် bad sector တွေကို ဖယ်ရှားဖို့အတွက် chkdsk f/ R F: ဆိုတဲ့ command ကို သုံးစွဲရပါမယ်။
အထက်ပါ command ကို သုံးစွဲပြီးရင် bad sector တွေကို ဖယ်ရှားတဲ့အတွက် အချိန်စောင့်ဆိုင်း ပေးရပါမယ်။ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဆိုရင်တော့ Bad sector တွေကို command pro-mpt ကနေ ဖယ်ရှားပေးတဲ့ နည်းလမ်း ပြီးဆုံးပြီ ဖြစ်ပါတယ်။

( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!