မိုဘိုင်းခေတ်ကြီးထဲတွင်စမတ်ဖုန်းကိုလည်းကောင်း၊တက်ဘလက်ကိုလည်း ကောင်း၊ကွန်ပျူတာလိုသာမက ကွန်ပျူတာထက်သာသာထိုးထိုးပင်အသုံးပြု လာပြီဖြစ်ရာဖုန်းနှင့်တက်ဘလက်ထဲတွင်အရေးကြီးdataပေါင်းထောင်သောင်းမကရှိလာပါသည်။
ဖုန်းနှင့် တက်ဘလက်ထုတ်သောကုမ္ပဏီများကသူတို့ရောင်းသောပစ္စည်းများကိုနှစ်နှစ်တစ်ကြိမ်အသစ်ဝယ်သုံးကြဖို့ ရည်ရွယ်သည်ဖြစ်၍နှစ်နှစ်နောက်ပိုင်းမိမိပစ္စည်းပျက်ပြီဟုဆိုလျှင် ပြင်၍ရရန်ခဲယဉ်းပါသည်။
သို့ဖြစ်ရာစမတ်ဖုန်းနှင့်တက်ဘလက်ထဲမှdataများကိုမိမိအတွက်အရေးကြီး သည်ဟုထင်ပါကBackup လုပ်ရန်လိုအပ်ပါမည်။
Backupလုပ်ရန်ခဲယဉ်းသည် လားဟုဆိုလျှင်မခဲယဉ်းဟုပင်ဖြေပါမည်။
အကယ်၍မိမိ၏စမတ်ဖုန်းသို့မဟုတ်တက်ဘလက်သည်OTG အထောက်အပံ့ပေးသည်ဟုဆိုပါကOTG စတစ်ထိုးပြီ ဖြစ်စေ၊OTG adapter ခံ၍ဖြစ်စေ၊data များကိုအသာအယာဆွဲချသိမ်းဆည်း ရုံသာ ဖြစ်ပါသည်။
သို့သော်ကျွန်တော်တို့ရွှေမြန်မာများမှာဖုန်းနှင့်တက်ဘလက် ၀ယ်လျှင်လိုချင်သည်ကိုသာသိပြီးမည်သည့်ပစ္စည်းများပါသင့်သည်၊မိမိ စွမ်းဆောင်ချက်များပါသင့်သည်ကိုမစဉ်းစားကြပါ။
ထို့ကြောင့်Backup လုပ်ကြ စို့ဟုဆိုလျှင်ခြေမကိုင်မိလက်မကိုင်မိဖြစ်သည်ကများပါသည်။တောပိုင်း၊ မြို့စွန်းပိုင်းကဖုန်းပြင်ဆိုင်များဆိုလျှင်OTG ဆိုသည်ကိုပင်မကြားဘူး။
အံ့ဖွယ်သုတပါပေ။
ကောင်းပါပြီ။
Backup လုပ်ကြမည်ဆိုလျှင်မည်သည့်data များကအရေးကြီးပါသနည်း။
သေချာပေါက်အရေးကြီးသည်မှာ contact list ဖြစ်သည်။ contact list ကိုဖုန်းတစ်လုံးမှတစ်လုံးသို့Bluetooth ဖြင့်ဖြစ်စေ၊ Wi-Fi ဖြင့်ဖြစ်စေပို့ပြီးအလွယ်တကူbackup လုပ်နိုင်သည်။
အကြောင်းမသိလျှင်ဖြင့် contact list ရာဂဏန်းကိုဘောပင်တစ်ချောင်းဖြင့်လက်ညောင်းအောင် ကူးရ နိုင်သည်။
ဒုတိယအရေးကြီးသည်မှာSMS ဟုခေါ်သောText message များ။ထိုMessage များမှာအကြောင်းကိစ္စပေါ်ကအထောက်အထားများ၊သက်သေခံပစ္စည်းများ ဖြစ်လာနိုင်သလိုဤလောက ကမ္ဘာမြေပေါ်မှာမရှိတော့သည့်လူတစ်ယောက်၏အမှတ်တရအလွမ်းပြေပစ္စည်းလည်း ဖြစ်နိုင်သည်။
ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များ ကလည်းမိသားစုအမှတ်တရမှတ်တမ်းများဖြစ်ခဲ့လျှင်အရေးကြီးနိုင်သည်။ ကုန်လွန်ခဲ့သောအချိန်ဟူသည်မှာ ပြန်ဝယ်၍မရနိုင်စကောင်း။
မိုဘိုင်းဖုန်း နှင့်တက်ဘလက်ထဲမှမည်သည့် dataများအားbackup လုပ်၍သိမ်းဆည်းမည် ဟု ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးပြီဆိုလျှင်မည်သည့်နည်းလမ်းသုံးမည်ကိုစဉ်းစား ကြပါမည်။
Android စနစ်သုံးဖုန်းများတွင်များသောအားဖြင့် ထုတ်လုပ်သူ ကိုယ်တိုင်ထည့်ပေးလိုက်သောbackup tool များအသင့်ပါလာတတ်သည်။
များသောအားဖြင့်တန်ဖိုးမြင့်ပစ္စည်းများတွင်ဖြစ်သည်။တန်ဖိုးသင့်နှင့်တန်ဖိုး နိမ့်ပစ္စည်းများတွင်မူထုတ်လုပ်သူကထိုကိစ္စကိုအရေးတယူစဉ်းစားလေ့မရှိပါ။
Backup tool အသင့်ပါလာသောပစ္စည်းများတွင်device ကိုသုံးရန် ပထမဆုံး အကြိမ်ဖွင့်လိုက်သည်နှင့်ယင်းtool ကိုသုံးမည်လားဟုမေးမြန်းပါသည်။
သို့သော်ယင်းtool သည်Android စနစ်အတွက်အကောင်းဆုံးbackup tool များထဲမှတစ်ခုမဟုတ်သည်မှာသေချာသည်။
Play store ထဲမှာအခမဲ့ပေးသော backup tool များထက်ပင်ယင်းbuiltin tool ကစွမ်းဆောင်ရည်ညံ့ပါသေး သည်။
သို့သော်Builtin tool ကအဆင်သင့်လက်လှမ်းမီသည်။အင်တာနက် ရှိစရာ မလို။Play Store သို့ဝင်ခွင့်ရရန်မလို။အသုံးပြုရသည်မှာလည်းလွယ်ကူလေ့ရှိပါ သည်။
ထို့ကြောင့်မိမိ၏အရေးကြီး data များအား backup လုပ်ပြီးသိမ်းဆည်း မည်ဟုဆိုလျှင်ပထမဆုံးသုံးသင့်သောtool ဖြစ်ပါသည်။အထူးသဖြင့်Wi-Fi Password များ၊appသုံးpassword များကိုအလွယ်တကူသိမ်းနိုင်ပါမည်။ အကယ်၍device စသုံးစဉ်တွင်backup လုပ်မည်လားဟုမေးသည်ကို အမှတ် တမဲ့ကျော်သွားခဲ့လျှင်သို့မဟုတ်enable မလုပ်ဟုရွေးမိခဲ့လျှင်ယင်းtool ကို ပြန်ရှာရပါတော့မည်။
Setting > Apps (Manage apps) မှထပ်ဆင့်ဝင်ပြီး စမတ်ဖုန်းသို့မဟုတ်တက်ဘလက်ထုတ်လုပ်သူ၏အမည်ပါဝင်လာသောapp ကိုရှာရပါတော့မည်။ဥပမာပြရလျှင်HTC ၏ဖုန်းများ၌HTC backup ဟုခေါ် သောUtility ထည့်သွင်းပေးထားခြင်းမျိုးဖြစ်သည်။
Samsung တွင်ကားထိုစနစ် ကိုKiesဟုတွေ့ရပါမည်။
Motorola device များ (ဥပမာ-Moto G) တွင်ယင်း၏ setting ထဲ၌Google backup tool ကိုbuiltingထည့်ပေးထားပါသည်။
Setting > Backup & reset အတိုင်းဝင်ပြီးBackup my data ကိုနှိပ်ပြီးအင်တာနက် ချိတ်ပေးလိုက်လျှင်ယင်းဝန်ဆောင်မှုသည်Google account နှင့်ချိတ်ဆက်ပြီး ဆောင်ရွက်ပါမည်။iPhone နှင့်iPadများတွင်မူApple ၏builtin backup service ပါပါသည်။ယင်းသည်iCloudနှင့်ချိတ်ဆက်ဆောင်ရွက်ပါသည်။iOS device ၏Setting မှတစ်ဆင့်iCloudသို့ဝင်ကာaccount Setup လုပ်ရပါမည်။ထိုသို့ ၀င်ရာတွင်Apple ID အသုံးပြုရန်လိုပါသည်။ယင်းနောက်backup လုပ်မည့် dataအမျိုးအစား (ဓာတ်ပုံmessage ၊contacts စသည်) ကိုရွေးပေးရပါမည်။
iCloudတွင်အခမဲ့သိုလှောင်ခွင့်5GB ရရှိပါမည်။
ဓာတ်ပုံထောင်ချီ၍မရှိလျှင် ဗီဒီယိုရာချီ၍မသိမ်းလျှင်ထိုပမာဏမှာကောင်းစွာလုံလောက်ပါသည်။နေရာ မလောက်လျှင်20 GB နေရာအတွက်တစ်လလျှင် (၀.၅) ဒေါ်လာပေးပြီး အသုံးပြုနိုင်ပါသည်။
စမတ်ဖုန်းနှင့်တက်ဘလက်များမှနေ၍အဓိကထားပြီး သိမ်းဆည်းကြသည်မှာVoice message နှင့်text message များအပြင်call log များလည်းပါဝင်ပါသည်။အမှုအခင်းကိစ္စများကိုဖြေရှင်းသည့်အခါယင်းdataများကအထောက်အကူပေးနိုင် ၍ ဖြစ်ပါသည်။ယင်းdataများကိုအကောင်းဆုံး သိမ်းဆည်းနိုင်မည့်tool မှာMobile backup & Restore ဖြစ်ပါသည်။
Avast antivirus ကုမ္ပဏီမှထုတ်လုပ်ပေးထားသောအခမဲ့tool ဖြစ်ပြီး ( http://bit.ly/2axt5xe ) မှdownload ဆွဲချအသုံးပြုနိုင်ပါသည်။ယင်း appကိုပထမဆုံးinstall လုပ်ပြီးအသုံးပြုမည်ဆိုသည့်အခါအခမဲ့Avast account လုပ်ပြီးregisterလုပ်ရန်လိုပါသည်။register လုပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် ယင်းtool ကမိမိ၏contacts call logs နှင့်text message များကိုအလို အလျောက် စတင်back up လုပ်ပါမည်။
back up လုပ်သောdataများကို encrypt လုပ်ပြီးသိမ်းဆည်းသည့်အတွက်ဟက်ကာများသာမကAvast ၀န်ထမ်းများသည်ပင်ကြားဖြတ်ဖတ်ရှုရန်မဖြစ်နိုင်ပါ။
ဓာတ်ပုံနှင့်ဗီဒီယိုများ ကိုbackup လုပ်မည်ဟုဆိုလျှင်Google ၌အလိုအလျောက်သိမ်းဆည်းရေး ကိုအားကိုးနိုင်သည်။
သို့သော်dataပမာဏမများမှဖြစ်ပါမည်။ညသုံးdata package များကဈေးသက်သာသော်လည်းအလွန်နှေးကွေးသဖြင့် data ပမာဏအများအပြာuးpload တင်ရန်မလွယ်ပါ။
ငွေကြေးအရလည်းခံနိုင်မည် မဟုတ်ပါ။ Dataပမာဏအသင့်အတင့်ဟုဆိုလျှင်Android နှင့်iOSအတွက် ထုတ်လုပ်ပေးထားသောGoogle + App ကိုသုံးနိုင်သည်။
ယင်းထဲတွင်Auto-backup စွမ်းဆောင်ချက်ပါသည်။
စမတ်ဖုန်းနှင့် တက်ဘလက် မှ ရိုက်သမျှဓာတ်ပုံနှင့်ဗီဒီယိုများကိုအွန်လိုင်းတွင် အလို အလျောက်သိမ်းဆည်းပေးပါမည်။
Chatting app များမှတစ်ဆင့်ဝင်လာသော ဓာတ်ပုံများ၊ဗီဒီယိုများကိုလည်းသိမ်းဆည်းပေးသည်။
Google account / Gmail account ရှိရန်လိုသည်။
Google account ရှိလျှင်အခမဲ့ သိုလှောင်ခွင့် 15GB ရမည်ဖြစ်ပြီးနေရာလွတ်ထပ်မံ အလိုရှိလျှင်100GB ကိုတစ်လလျှင် (၂) ဒေါ်လာနှုန်းဖြင့်အသုံးပြုနိုင်ပါသည်။
Google ၏Auto backup ကိုအသုံးပြုမည် ဆိုလျှင် Google + app ကိုဖွင့်ပြီးSetting ထဲဝင်ရပါမည်။ပြီးလျှင်Auto backup တွင်တစ်ချက်ခေါက်ပါမည်။ယင်းထဲတွင်ရှိသောဆလိုက်တုံးရွှေ့ပြီးOnထားရပါမည်။Dataများကိုအွန်လိုင်းတွင် သိမ်းဆည်းသိုလှောင်ရန်Wi-Fi only ကိုသာ ခွင့်ပြုပါသည်။
ထို့ကြောင့်မိုဘိုင်းအင်တာနက်သုံးသလိုငွေကုန်မများပါ။
Wi-Fi အင်တာနက်မတွင်ကျယ်သေးသည့် မြန်မာပြည်တွင်ဤစနစ်သည် နောင်လာ မည့်နှစ်များ၌သာအသုံးဝင်ပါလိမ့်မည်။မိမိbackup လုပ်ထားသော ဓာတ်ပုံ များနှင့်ဗီဒီယိုများကို ပြန်ရှာလိုလျှင်( http://bit.ly/2awtKPa )သို့ဝင် ရပါမည်။
မိမိ၏Google account ဖြင့်ဝင်ရမည်ဖြစ်ပြီးအပေါ်ဘက်ဝဲဘက်တွင် ရှိသော dropdown menu ထဲမှphotos ကိုရွေးပြီးမိမိသိမ်းဆည်းထားသည် တို့ကိုကြည့်နိုင်ပါသည်။
( ::::: ပိုစ့်တင်သူ-ချမ်းမြေ့မောင် ::::: )
ဝ===ဝ CHAN LAY (MCMM) ဝ===ဝ
www.chanmyaemaung.net/
My Facebook Wall- (HERE)
====================ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!