May 9, 2025

Ubuntu OS တွင် Fanbox ထည့်သွင်းခြင်း- by CHAN LAY (MCMM)



Fanbox ဆိုတာကတော့ Ubuntu OS အတွင်းမှာ အလုပ်လုပ်တဲ့ Ram တွေနဲ့ CPU တို့ရဲ့ အသုံးပြုမှု စာရင်းတွေကို စောင့်ကြည့်နိုင်တဲ့ tool  တစ်ခု ဖြစ်ပါတယ်။ Fanbox ဟာ GUI အနေနဲ့ ဖော်ပြပေးနိုင်မှာဖြစ်ပြီး CPU အသုံးပြုမှုနှုန်းနဲ့ RAM အသုံးပြုမှုနှုန်း အစရှိသည်တို့ကို အလွယ်တကူနဲ့ ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။

Ubuntu OS မှာ Fanbox  ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို  အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Fanbox ကို ထည့်သွင်းဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာထည့်သွင်းပေးရပါမယ်။ အသုံးပြုရမယ့် command ကတော့ -

sudo apt-get install npm git

git clone https://github.com/joereynolds/fanbox

cd fanbox/app

sudo npm install electron-prebuilt -g

sudo npm install

ဆိုတဲ့ command တွေဖြစ် ပါတယ်။ အဆိုပါ command တွေကို အသုံးပြုပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို Install ပြုလုပ်မှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်းပေးရပါ မယ်။ ပြီးသွားပြီဆိုရင် Fanbox
ကို စတင်အသုံးပြုလို့ ရပြီဖြစ်ပါတယ်။ အဆိုပါ Fanbox ကို GUI အနေနဲ့ အလွယ်တကူ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

အဆင်ပြေပါစေနော်... :)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.