June 14, 2025

Samsung Galaxy Grand Nero Plus (GT-I9060I) Android version 4.4.4 ကို TWRP Recovery သွင်းပြီး Root လုပ်နည်း (No Error)




ဒီဖုန်း Model ကို error ကင်းအောင် Root လို့အဆင်မပြေဖြစ်နေသေးတဲ့သူတွေအတွက်ကျွန်တော်အဆင်ပြေသွားတဲ့နည်းလမ်းလေးနဲ့ Data လေးတွေကိုပြန်မျှပေးလိုက်ပါတယ် . လိုအပ်တာတွေကိုအောက်ကလင့်မှာအရင်းဆုံးဒေါင်းယူပါ ...
Samsung usb driver မရှိသေးရင်အရင်ဒေါင်းပြီး PC မှာ Run ပေးထားပါ


ပြီးရင် TWRP & Root file တွေစုပေးထားတဲ့ zip file ကိုဒေါင်းပါ

ဒေါင်းလို့ရလာတဲ့ zip file'ကို ဖြည်ချလိုက်တဲ့အခါ Odin,recovery,UpdateSuperSu ဆိုပြီး zip file သုံးခုထပ်ထွက်လာပါလိမ့်မယ် .
အဲဒီသုံးခုထဲက recovery.zip ကို zip ဖြည်ထားလိုက်ပါ.

၁။Odin ကိုဖွင့်ပါ . PDA မှာ zip ဖြည်ချထားတဲ့ recovery.tar.md5 ဆိုတဲ့ file ကိုထည့်ပါ

၂။ဖုန်းကို power , vol - , Home Key ပြိုင်တူတွဲနှိပ်ပြီး Downloading mode ကိုဝင်ပြီးကြိုးထိုးလိုက်ပါ

၃။Odin ရဲ့ ID : COM ဆိုတဲ့နေရာမှာအစိမ်းဖျော့ရောင်သင်္ကေတလေးပြတဲ့အခါ Start ကိုနှိပ်ပေးလိုက်ပါ . Pass'ပြတဲ့အခါ TWRP Recovery သွင်းခြင်းကိစ္စပြီးဆုံးပါပြီ.ကြိုးကိုဖြုတ်လိုက်လို့ရပါပြီ.


၎။Root လုပ်ဖို့အတွက် UpdateSuperSU.zip ကိုဖုန်းရဲ့ Internal emory မှာထည့်ပါ

၅။ဖုန်းကိုပါဝါပိတ်ပါ . ပြီးရင် power key ကို သုံစက္ကန့်လောက်နှိပ်ပြီးတော့ Home key vol± key ကိုတွဲနှိပ်ပေးလိုက်တဲ့အခါ TWRP Recovery ကိုရောက်သွားပါမယ်.install ကိုရွေးပေးပါ Internal memory > UpdateSuperSU.zip ကိုရွေးပေးပါ slite တစ်ခုပေါ်လာရင်ညာဖက်ကိုဆွဲပေးလိုက်ပါ . ခဏနေရင် auto reboot ကျသွားပါမယ် . ပြန်တတ်လာရင် root လုပ်ခြင်းကိစ္စအောင်မြင်စွာပြီးဆုံးပါပြီ.





SAMSUNG USB Driver Download



DOWNLOAD GT-I9060I TWRP & Root



နည်းပညာမျှဝေနေသူများနဲ့လေ့လာနေသူများအားလုံးကိုအစဉ်လေးစားလျက် .....

ဇော်မျိုးထက်
www.mmitfamily.com

Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.