မိတ်ဆက်
======ကဲဒီတစ်ခါတော့ MTK Devices ဖုန်းအတွက် USB Drivers ဆိုင်ရာနောက်ဆုံးပိုစ့်
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဖုန်းတစ်လုံးကိုစိတ်ကြိုက်ကလစ်တော့မယ်ဆိုရင်ပဲဖြစ်ဖြစ် Firmware ပြန်ရေးသားချင်တာပဲဖြစ်ဖြစ်
သင့်ဖုန်းက MTK အမျိုးအစားဖြစ်နေတယ် ဖုန်းကိုကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ရင် ကွန်ပျူတာကို
ဖုန်းကိုမသိဘူး ဘာလုပ်ရမယ်မှန်းမသိဘူးဖြစ်နေတယ်ဆိုရင်တော့ ဒီပိုစ့်ကို လုံးဝကျော်မသွားလိုက်ပါနဲ့
Instruction များကိုအသေအချာဖတ်ပြီး ပြုလုပ်ထားမယ်ဆိုရင်တော့ 100% အာမခံပါတယ်။
MTK ဖုန်းတွေအတွက် USB VCOM ဆိုင်ရာပြသနာကို အကောင်းဆုံးဖြေရှင်းနည်းများကို
ကျနော်အလင့်သင့်သလိုတင်ပေးလာခဲ့တာစုံသလောက်ရှိနေပါပြီ။ ဒီပိုစ့်ရဲ့အောက်မှာပြန်လည်ညွှန်းပေးသွားမှာပါ။
မိမိသည် ကွန်ပျူတာအခြေခံအားနေတယ်ပဲဖြစ်ဖြစ် ကိုယ်ပိုင် Realize ကိုအသုံးပြုခဲ့မယ်ဆိုရင်တော့
ဘယ်အရာမှခက်ခဲမယ်မဟုတ်ပါ၊ ဒေါင်းလော့ရလာတဲ့ Zip ဖိုင်ကိုဖြေလိုက်တဲ့အခါ
အောက်ပါပုံအတိုင်း မြင်နေရပါလိမ့်မယ်။
ပုံမှာက ဒီ MTK USB Driver သည် Vista, XP, Win 7 များအတွက် 32/4bit များကို
လုံးဝ Support လုပ်ပေးမှာပဲဆိုတာကို သဘောပေါက်ရမှာဖြစ်ပါတယ်။
ယခုကျနော်က Win 7 32 bit ကိုသာအသုံးပြုနေတာဖြစ်တဲ့အတွက် Wind 7 32 bit
USB Driver ကိုပဲ Install ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီတော့ မိမိအသုံးပြုနေတဲ့ကွန်ပျူတာကဘယ်လိုအမျိုးအစားလဲ OS Version ကဘာလဲလို့
အတိအကျလေးသိထားခဲ့ရင်တော့ ဖေါ်ပြပါ USB Driver အတွက် Install ပြုလုပ်နည်းတွေဟာ
အားလုံးဟာ ဒီလိုချည်းပဲဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။
How fix VCOM Drivers on Windows
=========================
ကဲ အပေါ်မှာ ကျနော်ရှင်းပြထားခဲ့သည့်အတိုင်း အဆင်ပြေနေခဲ့ရင်တော့
ပြသနာဖြေရှင်းနည်းကိုစလိုက်ကြရအောင်ပါ၊ အခက်ကြီးမဟုတ်ပါ လွယ်ပါတယ်။
ဒီနေရာမှာ ဖေါ်ပြပါ VCOM Drivers ကိုသင့်ကွန်ပျူတာမှာ Install ပြုလုပ်ပြီးသွားတဲ့အခါ
MediaTek’s MT65XX devices အားလုံးအတွက် လုံးဝအဆင်ပြေသွားမှာဖြစ်ပါတယ်။
Download the MediaTek VCOM drivers here
Download the MediaTek VCOM drivers here
၁။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြေလိုက်ပါ။
၂။ ကွန်ပျူတာကီးဘုတ်မှ Win + R ကိုနှိပ်ပြီး Run Box ခေါ်လိုက်ပါ။
၃။ Run Box ထဲမှာ devmgmt.msc ဆိုပြီးရိုက်ထည့်ပါ၊
ပြီးရင် Enter ကိုခေါက်လိုက်ပါ။

၎။ သို့-ကွန်ပျူတာကို Right Click တစ်ချက်ထောက်ပြီး
Manage ဆိုတာကိုနှိပ်ပြီးဝင်သွားလိုက်ပါ။

၅။ Device Manager ကိုတစ်ချက်နှိပ်ပါ။
၆။ Action>>>Add legacy hardware ကိုနှိပ်ပါ။

၇။ အောက်ပါပုံအတိုင်းဆိုရင်တော့ Next ဆိုတာကိုနှိပ်ပါ။
၈။ install the hardware that i manually select from a list (advanced)
စာတန်းပါတဲ့အနီရောင်ဝိုင်းပြထားတဲ့နေရာကိုအမှန်ခြစ်ပေးပါ။
ပြီးရင် Next ကိုနှိပ်ပေးလိုက်ပါ။
၉။ Next ကိုပဲနှိပ်သွားလိုက်ပါ။
၁၀။ Have Disk ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။
၁၁။ Browse ဆိုတာကိုထပ်နှိပ်ပါ။
၁၂။ Driver Folder ထဲမှ အနီရောင်ဖြင့်ဝိုင်းပြထားတဲ့
usb2ser_Win7 ဆိုတာကို Select ပေးပြီး Open ကိုနှိပ်ပါ။
၁၃။ အောက်ကပုံအတိုင်း OK ကိုပဲနှိပ်ပါ။
၁၄။ အောက်ပါပုံအတိုင်း “MediaTek Preloader USB VCOM Port”
ဆိုတာကိုရွေးပြီး Next ဆိုတာကိုနှိပ်လိုက်ပါ။

၁၅။ Next ကိုသာနှိပ်ပါ။
၁၆။ Installation Process ကိုစတင်နေပါလိမ့်မယ်။
၁၇။ အားလုံးပြီးသွားတဲ့အခါ Finish ကိုနှိပ်ပေးလိုက်ပါ။
သင့်ဖုန်းကိုဘယ်အချိန်မဆို ချိတ်ဆက်နိုင်ပါပြီ VCOM ဆိုင်ရာပြသနာ
ကင်းပြီး ကွန်ပျူတာဖုန်းကိုမသိဘူးဆိုတဲ့စိတ်ရဲ့အမောအဆင်ပြေပါပြီ။
How to install ADB & USB Drivers on windows?
Special Credit ===> ဇူးနစ်(နည်းပညာ)
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
Post a Comment