April 24, 202511:57:37 PM

Linux အတွက် ထိပ်တန်း Screen Recorder ၅ ခု

မိတ်ဆက်

======

Screen cast software (screen recorder) သည်ကွန်ပျူတာ မျက်နှာပြင်ကို အရုပ်ဖမ်းယူနိုင်သော အသုံးချ ဖြစ်ပြီး ရုပ်သံဖမ်းယူခြင်းဟုလည်း သိကြပါသည်။ screenshot နှင့် ကွာခြားသောအချက်မှာ screenshot မှာတစ်ပုံကိုသာဖမ်းယူနိုင်ပြီး screen cast မှာ ရုပ်ရှင်ကို ဖမ်းယူနိုင်သော သဘာဝရှိပါသည်။ video သိမ်းယူသောအမျိုးအစားမှာ ထုတ်လုပ်ခြင်းအလိုက် flv, mp4, avi တို့ကွဲပြားနိုင်ပါသည်။
ဒီနေ့ခေတ်မှာ screen cast များသည် အလွန်အသုံးဝင်လာပြီဖြစ်ပါသည်။ features များကို ပြသခြင်း လုပ်ငန်းနှင့်ပတ်သက်သည်များကို စမ်းသပ်ပြခြင်းများအတွက် အလွန်အသုံးဝင်လာပါသည်။ ဒီsoftware များကို desktop recording  များ၊ ဂိမ်းများနှင့် ရုပ်သံတည်းဖြတ်ခြင်းများတွင် အများဆုံးအသုံးပြုကြပါသည်။
ဈေးကွက်ထဲတွင် များစွာရှိပြီး တချို့မှာ အခမဲ့ဖြစ်သလို အခပေးများလည်းရှိပါသည်။ ဒီစာပိုက်တွင် Linux အတွက် ထိပ်တန်း screen recoding software များကို တင်ပြပေးမှာဖြစ်ပါတယ်။ စာရေးသူရဲ့ စိတ်ကြိုက်စီစဉ်ထားခြင်းဖြစ်ပါသည်။
ထိပ်တန်း ငါးခုကို အောက်ပါအတိုင်းသတ်မှတ်လိုက်ပါသည်။

  1.     Simple Screen Recorder
  2.     Record My Desktop
  3.     Kazam Screen caster
  4.     VLC Media player
  5.     wink

Simple screen recorder


Sample Recorder က တခြား recorder များထက်စာရင် ပိုပြီလွယ်သလို user interface ပါတဲ့ ရုပ်သံသွင်း ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုလုံးကို ဖမ်းယူနိုင်သလို ကွက်ပြီးဖမ်းနိုင်ပြီး ဂိမ်းများကိုပါ ဖမ်းယူနိုင်ပါတယ်။ ဖမ်းယူနေစဉ်မှာ ခေတ္တရပ်နားတာ၊ ပြန်ကူးတာတွေလည်း ပြုလုပ်နိုင်ပါတယ်။


Function

========

simple screen recorder 

 
Sample Recorder က တခြား recorder များထက်စာရင် ပိုပြီလွယ်သလို user interface ပါတဲ့ ရုပ်သံသွင်း ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုလုံးကို ဖမ်းယူနိုင်သလို ကွက်ပြီးဖမ်းနိုင်ပြီး ဂိမ်းများကိုပါ ဖမ်းယူနိုင်ပါတယ်။ ဖမ်းယူနေစဉ်မှာ ခေတ္တရပ်နားတာ၊ ပြန်ကူးတာတွေလည်း ပြုလုပ်နိုင်ပါတယ်။



Record My Desktop

Record My Desktop ကတော့ GNU/Linux ရဲ့ desktop recorder ဖြစ်ပြီး flv, avi နဲ့ mp4 နဲ့ သွင်းယူလို့ရနိုင်ပါသည်။ ခေတ္တရပ်ခြင်း ပြန်သွင်းခြင်းတေါကိုလည်း ပြုလုပ်နိုင်ပါတယ်။ အသံကို ALSA, OSS နဲ့ Jack Audio Server တွေကနေလည်း အသံသွင်းယူလို့ရပါတယ်။
effect တွေပါရင်တော့ အနည်းငယ် ပြတ်သွားတာမျိုးတွေ ရှိနိုင်ပါတယ်။

Kazam Screen caster

Kazam ကတော့ စာဖတ်သူရဲ့ ဖန်သားပြင်တစ်ခုလုံးကို ဗွီဒီယိုဖိုင်အပြစ်ပြောင်းလဲပြီး WebM/VP8 ကို အထောက်အပံ့ပေးတဲ့ မည်သည့် ရုပ်သံဖွင့်စက်မှာမဆိုဖွင့်နိုင်အောင် ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ အသုံးပြုရလွယ်ကူပြီး အပြင် မိုက်ကရိုဖုန်းက အသံကို တိုက်ရိုက်သွင်းယူလို့ရတဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ Software တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။


VLC Media player


VLC ဟာ ထင်ရှားတဲ့ media play တစ်ခုဖြစ်ပြီး အမျိုးအစားပေါင်းများစွာကိုဖွင့်လှစ်နိုင်ပါတယ်။ ဒါ့အပြင် vlc ကို သုံးပြီးတော့ ဖန်သားပြင်ကိုလည်း ရိုက်ကူးနိုင်ပါသေးတယ်။


WINK

wink ကတော့ တျူတိုရီရယ် နဲ့ တင်ပြချက်တွေကို ဖန်တီးတဲ့ အသုံးချဖြစ်ပါတယ်။ Wink ကိုသုံးပြီး ဖန်သားပြင်ကို ရိုက်ကူးပြီး အလွန်ကောင်းမွန်တဲ့ သင်ခန်းစာတွေကို ဖန်တီးနိုင်ပါတယ်။
အကယ်၍ သုံးနေချိန်မှာ NumLock ကိုဖွင့်ထားမယ်ဆိုရင်တော့ အတိုချုံးခလုတ်တွေကို နှိပ်လို့ရမှာမဟုတ်ပါဘူး. အဲဒါကြောင့် မသုံးခင်မှာ Num Lock ကိုပိတ်ထားဖို့လည်း လိုအပ်ပါတယ်။

Special Credit ===> blog.lovelyfamilymm.com

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.