June 9, 202504:26:55 AM

Hummer Trojan ကိုဖန်တီးသည့် တရုတ်ဟက်ကာအဖွဲ့ တစ်နေ့လျှင် ဒေါ်လာငါးသိန်း ရရှိနေ




လုံခြုံရေးသုတေသီများသည် ကမ္ဘာ့အကြီးဆုံးနှင့် ပျံ့နှံ့မှုအလျင်မြန်ဆုံး Trojan တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံ ဟက်ကာအဖွဲ့တစ်ခုမှ ဖန်တီးထားသော Hummer ဟု ခေါ်တွင်သည့် အဆိုပါ Trojan သည် သုံးစွဲသူ တစ်သန်းကျော်၏ ဖုန်းများတွင် ကူးစက်ပျံ့နှံ့နေပြီး တစ်နေ့လျှင် ဒေါ်လာ ၅၀၀,၀၀၀ (စတာလင်ပေါင် ၃၇၅,၂၅၂) ရရှိနေကြောင်း Cheetah Mobile Security Research Lab မှ သုတေသီများက ပြောကြားခဲ့သည်။

Hummer Trojan သည် နိုင်ငံ ၂၅ နိုင်ငံရှိ သုံးစွဲသူများထံ ပျံ့နှံ့နေပြီး အိန္ဒိယ၊ အင်ဒိုနီးရှား၊ တူရကီနှင့် တရုတ်နိုင်ငံတို့တွင် အများဆုံးကူးစက်ပျံ့နှံ့နေကြောင်း၊ ထို့အပြင် ဂျာမနီ၊ ရိုမေးနီးယား၊ ရုရှား၊ ယူကရိန်းနှင့် အမေရိကန်အပါအဝင် ဥရောပနိုင်ငံအချို့တွင်လည်း ပျံ့နှံ့နေကြောင်း Cheetah Mobile မှ ဖော်ပြခဲ့သည်။

“ဒီ Trojan ဟာ တိုက်ခိုက်ခံရသူရဲ့ ဖုန်းတွေမှာ ကြော်ငြာတွေကို စိတ်ပျက်ဖွယ်ကောင်းလောက်အောင် မနားတမ်းဖော်ပြပါတယ်။ ဒါ့အပြင် ညစ်ညမ်း application တွေကို နောက်ကွယ်ကနေ တိတ်တဆိတ် ထည့်သွင်းပါတယ်။ ကူးစက်ပျံ့နှံ့ခံရတဲ့ ဖုန်းတွေမှာ မလိုချင်တဲ့ app တွေ ပေါ်လာသလို အဲ့ဒီ app တွေကို ဖျက်လိုက်ရင်လည်း ခဏအကြာမှာ ထပ်ပြီးထည့်သွင်းပါတယ်” ဟု လုံခြုံရေးကုမ္ပဏီမှ ပြောကြားခဲ့သည်။

ဆက်လက်ပြီး “၂၀၁၆ ပထမနှစ်ဝက်အတွင်းမှာ Hummber Trojan ကူးစက်ပျံ့နှံ့ခံရတဲ့ ထုတ်ကုန်က ၁.၄ သန်းနီးပါးအထိ ရှိပါတယ်။ တရုတ်နိုင်ငံမှာဆိုရင် နေ့စဉ်ကူးစက်ပျံ့နှံ့မှု ၆၃,၀၀၀ အထိရှိပါတယ်” ဟု ကုမ္ပဏီမှ ဆိုခဲ့သည်။

ဖုန်းတွင် Hummer Trojan ကူးစက်ခံရသည့်အခါ ၎င်းက admin အခွင့်အရေးရရှိရန် ဖုန်းကို root လုပ်ပြီးနောက် မလိုလားအပ်သော app များနှင့် malware များကို နောက်ကွယ်တွင် တိတ်တဆိတ် ထည့်သွင်းကြောင်း သိရသည်။ အဆိုပါ app များနှင့် malware များသည် အလွန်များပြားသည့် ကွန်ရက်သုံးစွဲမှုပမာဏကို ဖြစ်ပေါ်စေကြောင်း၊ ၎င်းသည် APK ဖိုင် ၂၀၀ ကျော်ကို download ပြုလုပ်ကာ ကွန်ရက်သုံးစွဲမှု 2GB ခန့် ကုန်ဆုံးစေကြောင်း သုတေသီများက ရှင်းလင်းဖော်ပြခဲ့သည်။

ထို့အပြင် အဆိုပါ Trojan ကို ဖယ်ရှားရန် မလွယ်ကူကြောင်း၊ ၎င်းသည် ဖုန်းစနစ်များတွင် အမြင့်မားဆုံးထိန်းချုပ်မှုကို ရယူနိုင်သောကြောင့် သာမန် anti-virus software ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ ဖုန်းကို reset လုပ်ခြင်းဖြင့်လည်းကောင်း ဖယ်ရှား၍ မရနိုင်ကြောင်း သုတေသီများက သတိပေးပြောကြားခဲ့သည်။

Hummer သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ပျှမ်းမျှဖုန်း ၁,၁၉၀,၀၀၀ ထံတွင် ကူးစက်ပျံ့နှံ့ခဲ့ပြီး ၎င်း၏ ကူးစက်ပျံ့နှံ့မှုနှုန်းသည် Cheetah Mobile က ပျံ့နှံ့မှုအများဆုံး မိုဘိုင်းဖုန်း Trojan အဖြစ် သတ်မှတ်ထားသည့် ပြိုင်ဘက် Ghostpush malware ထက် သာလွန်ခဲ့ကြောင်း သိရသည်။



<=== Source from INTERNET Journal ===>


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Download Link တွင်ကြော်ငြာလင့်ခ်ပါလာခဲ့သော်...အောက်ပါနည်းအတိုင်းပြုလုပ်ပေးပါ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.