မေလတုန်းက Huawei ကုမ္ပဏီဟာ Samsung ကုမ္ပဏီကို 4G ဆက်သွယ်ရေးနည်းပညာမူပိုင်ခွင့်ချိုးဖောက်မှုနဲ့ တရားစွဲဆိုခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။
အခုအခါမှာတော့ Samsung ကုမ္ပဏီကလည်း Huawei ကို အလားတူစွပ်စွဲချက်နဲ့ပဲ ပြန်လည်တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။
တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung ဟာ Huawei ရဲ့ မိခင်နိုင်ငံ၊ တရုတ်ပြည်အတွင်းမှာပဲ ၎င်းရဲ့မူပိုင်ခွင့် ခြောက်ခုကို ချိုးဖောက်မှုနဲ့ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က တရားစွဲဆိုခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးပြောကြားချက်အရ၊ Samsung ဟာ ယခုပြဿနာနဲ့ပတ်သတ်ပြီး ကုမ္ပဏီနှစ်ခုကြား ခင်မင်မှုမပျက်အားအောင် ဖြေရှင်းဖို့ကြိုးစားခဲ့ပေမယ့်၊ အခုအခါမှာတော့ ၎င်းတို့ရဲ့ ဥာဏဆိုင်ရာမူပိုင်ခွင့်အပေါ် ခုခံချေပဖို့အတွက် တရားဥပဒေနည်းအရ မဖြစ်မနေရင်ဆိုင်ဖို့ လိုလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဈေးကွက်လေ့လာဆန်းစစ်သူပညာရှင်တစ်ဦးဖြစ်တဲ့ Lee Do-hoon ရဲ့ ပြောကြားချက်အရ၊ ယခုတရားစွဲဆိုမှုတွေမှာ နှစ်ဖက်လုံးမှာ ကွယ်ဝှက်ထားတဲ့အကြောင်းရင်းတွေရှိပြီး၊ Huawei အနေနဲ့ ကုမ္ပဏီရဲ့ နာမည်ဂုဏ်သတင်းကို မြှင့်တင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
“ Apple နဲ့ Samsung ကြားမှာဖြစ်ခဲ့တဲ့ မူပိုင်ခွင့်တိုက်ပွဲတွေကို ကြည့်မယ်ဆိုရင်၊ နောက်ဆုံးမှာတော့ Samsung ကုမ္ပဏီအတွက် တစ်ဖက်တစ်လမ်းကကြော်ငြာပေးသလို အကျိုးအများကြီးရှိခဲ့တာကို တွေ့ရမှာပါ။ အခုလည်း ထိုနည်းလည်းကောင်းပါပဲ” လို့ Lee Do-hoon က Reuters သတင်းဌာနကို ရှင်းပြခဲ့ပါတယ်။
Ref: Engadget, Reuters
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net/
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )
Post a Comment