
မိတ်ဆက်
======Huawei P9 Lite ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အလိုရှိနေကြတဲ့ ညီအကိုတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ဖုန်းကို Bootloader Unlock ပြုရပါမယ်
ပြီးရင် Custom Recovery ကိုထည့်သွင်းထားရပါမယ်၊ ဒီအဆင့်များ အဆင်ပြေ
ထားပါမှ ဖုန်းကို အလွယ်တကူ Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။
ဒီဖုန်းအတွက် Bootloader Unlock ပြုလုပ်နည်းကို တင်ပေးပြီးဖြစ်ပါတယ်
အောက်ပါလင့်တွင် လေ့လာကြည့်လိုက်ပါ ပုံတွေဖြင့် ရှင်းပြထားပါတယ်။
ဇူးနစ်(နည်းပညာ)တွင် ဖုန်းကလစ်သူများနဲ့ ဆိုင်သမားများအတွက် ဖုန်းနည်းပညာများကို
အချိန်နဲ့တပြေးညီ တင်ပေးနေပါတယ်၊ ၀ါသနာရှင်များနဲ့ အလိုရှိနေကြသူများကတော့
မိမိတို့အတွက် လိုအပ်မယ့် နည်းလမ်းများနဲ့ Source များကို လာရောက်အားပေးနိုင်ကြပါတယ်။
လိုအပ်ချက်များ
========၁။ SRK Tool
၂။ ကွန်ပျူတာ လိုအပ်ပါမည်။
၃။ Bootloader Unlock ပြုလုပ်ထားရပါမည်။
၎။ Instruction အတိုင်း ပြုလုပ်ပေးပါ။
Huawei P9 Lite ဖုန်းကို bootloader unlock ပြုလုပ်နည်း
Download HiSuite
Download SRK Tool
TWRP Recovery ထည့်သွင်းနည်း
==================၁။ လိုအပ်တာများကို အရင်ဒေါင်းလော့ရယူလိုက်ပါ။
၂။ SRK Tool ကို ဖွင့်လိုက်ပါ
၃။ ဖုန်းမှာ Settings > Developer Options > မှ
USB Debugging & OEM Unlock ကို Enable ပြုလုပ်ပါ။
၎။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ။
၅။ ဖုန်းကို TWRP Recovery ထည့်သွင်းမှာ ဖြစ်တဲ့အတွက်
Main Feature Option ရဲ့အောက်မှ 3. Install Recovery ဆိုတာကို
ရွေးချယ်ပေးရမှာပါ၊ ဒီအတွက် ကီးဘုတ်မှ "3" ကီးကိုနှိပ်ပေးပြီး
Enter ကိုခေါက်လိုက်ပါ။
၆။ အောက်ပါပုံအတိုင်း နံပါတ်များနဲ့ ဖုန်း Model များ ကျလာတဲ့အခါ
မိမိဖုန်းအမျိုးအစား ကိုနံပါတ်ပါအတိုင်း ရွေးချယ်ပေးရမှာဖြစ်လို့
Huawei P9 ("5") နံပါတ် 5 ကို ရွေးချယ်ပေးလိုက်ပါ။
၇။ အောက်ပါပုံတွင်လည်း Recovery အတွက် Option နှစ်ခု ပြပေးနေတာမို့
2. Install Huawei P9 TWRP For Marshmallow ဆိုတာကို ထပ်မံရွေးချယ်ပါ။
၈။ ကီးဘုတ်မှ "Y" ကိုနှိပ်ပေးပြီး Enter ကိုခေါက်ပေးလိုက်ပါ။
၉။ ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ်၊ Fastboot Mode တွင်
ဖုန်းတွင် Bootloader Unlocked & FRP Unlock များ အသင့်ဖြစ်နေကြောင်း
သေချာပြီးရင်တော့ Enter ကီးကို ဆက်ခေါက်ချပေးလိုက်ပါ။
၁၀။ အောက်ပါပုံအတိုင်း TWRP Recovery ကိုထည့်သွင်းနေတုန်း စောင့်နေလိုက်ပါ။
အားလုံးပြီးသွားတဲ့အခါ ကီးဘုတ်မှ Enter ကီးကို ထပ်ခေါက်ပေးလိုက်ပါ၊ ဖုန်းမှာ
Reboot ကျပြီး Normal Mode သို့ပြန်ရောက်သွားပါလိမ့်မယ်။
သင့်ဖုန်းမှာ TWRP Recovery ကိုထည့်သွင်းခြင်းပြီးဆုံးပါပြီ။
Special Credit ===> ဇူးနစ်(နည်းပညာ)
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
Post a Comment