April 9, 202504:51:13 AM

Huawei P9 Lite ဖုန်းကို bootloader unlock ပြုလုပ်နည်း by CHAN LAY (MCMM)




မိတ်ဆက်

=======

Huawei P9 Lite ဖုန်းကို bootloader unlock ပြုလုပ်ချင်တဲ့
ညီအကိုများအတွက် Update New ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်လို့ သင့်ဖုန်း Huawei P9 Lite ကို Root လုပ်ချင်တယ်ဆိုရင်တော့
ပထမဆုံး သင့်ဖုန်းကို ပြုလုပ်ပေးရမယ့် Step ကတော့ Bootloader Unlok ပါပဲ



ပြီးတော့မှ Custom Recovery ထည့်သွင်းဖို့ ကြိုစားရပါဦးမယ်၊ အဲဒီ Step နှစ်ခုကို
အောင်မြင်စွာဖြင့် ကျော်ဖြတ်ပြီးပါမှ သင့်ဖုန်းကို Root အလွယ် လုပ်ယူနိုင်မှာပါ။

အထက်ဖေါ်ပြပါအတိုင်း သင့်ဖုန်းကို Bootloader Unlock ပြုလုပ်နည်းကို
ပထမဆုံး လေ့လာရမှာဖြစ်တဲ့အတွက် အောက်ပါအတိုင်း လေ့လာကြည့်လိုက်ပါ။


လိုအပ်ချက်များ

========
၁။ Hi Suite ကိုဒေါင်းလော့ရယူပြီး ကွန်ပျူတာတွင် ထည့်သွင်းပါ။

၂။ SRK Tool ကို ဒေါင်းလော့ရယူပါ။

၃။ ကွန်ပျူတာ လိုအပ်ပါမည်။

၎။ ဖေါ်ပြပါနည်းလမ်းသည် Huawei P9 Lite ဖုန်းအတွက်
သာဖြစ်ပါတယ် တစ်ခြား Device များအတွက် မဟုတ်ပါ။



Download HiSuite


Download SRK Tool



Bootloader Unlock ပြုလုပ်နည်း

==================
၁။ ကွန်ပျူတာတွင် လိုအပ်မယ့် USB Driver ကိုထည့်သွင်းလိုက်ပါ။

၂။ တကယ်လို့ Huawei Official account ဖွင့်လှစ်ထားတာမျိုးမရှိသေးရင်တော့
အောက်ပါ Web သို့သွားလိုက်ပြီး Free account တစ်ခု Register တင်ယူလိုက်ပါ။


 Official Huawei website


(အကောက်ဖွင့်တဲ့အချိန် English Version ဖြင့် ဖွင့်ပါ)

၃။ အကောက်တစ်ခုဖွင့်ပြီးတဲ့အခါ အောက်ပါပုံအတိုင်း Unlock ပြုလုပ်
နိုင်မယ့် Information Page ကိုတွေ့ရပါလိမ့်မယ်၊ လိုအပ်တာများကို
ဖြည့်စွက်ပြီး Summit ပြုလုပ်လိုက်ပါ။



တကယ်လို့ မလုပ်တတ်သေးရင်တော့ အောက်ပါလင့်တွင်
အသေစိတ်ကို လေ့လာအောင်တင်ပေးထားပါတယ်



Huawei ဖုန်းများကို bootloader unlock ပြုလုပ်နည်းစာအုပ်


၎။ Official မှ ပို့ပေးလာတဲ့ Unlock Code ကို Notepad ဖြင့်ဖွင့်လိုက်ပါ။

၅။ ဖုန်းမှာ Settings > Developer Options > မှ OEM Unlock ကို Enable ပြုလုပ်ပါ။

၆။ Settings > Developer Options > USB Debugging ကိုလည်း Enable ပြုလုပ်ပါ။

၇။ ဒေါင်းလော့ရလာတဲ့ SRK Tool zip ဖိုင်ကို ဖြည်ပြီး ဖွင့်လိုက်ပါ။

၈။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ Enter Key ကိုနှစ်ချက်ခေါက်လိုက်ပါ။



၉။ အောက်ပါပုံအတိုင်း Main Feature Option မြင်နေရတဲ့အခါ

1. Unlock boot loader ဆိုတာကို ရွေးချယ်ပေးရမှာဖြစ်တဲ့အတွက်
 ကီးဘုတ်မှ "1" ကိုနှိပ်ပြီး Enter ကိုခေါက်လိုက်ပါ။



၁၀။ အောက်ပါပုံအတိုင်း "Y" ကိုထပ်နှိပ်ပြီး Enter ကိုထပ်ခေါက်ပါ။




၁၁။ အောက်ပါပုံအတိုင်း bootloader Code ရှိလားမေးလာတဲ့အခါ

"Y" ကိုထပ်ရိုက်ထည့်ပြီး Enter ကိုပဲထပ်ခေါက်ချပေးလိုက်ပါ။



၁၂။ ဖုန်းမှာ Fastboot Mode သို့ရောက်သွားပါလိမ့်မယ် စောင့်နေလိုက်ပါ။




၁၃။ အောက်ပါပုံအတိုင်း မြင်နေရတဲ့အခါ Enter ကိုထပ်ခေါက်ပေးလိုက်ပါ။



၁၄။ အောက်ပါပုံအတိုင်း Enter your bootloader Code : ဆိုပြီးမြင်နေရရင်တော့

Notepad ဖြင့်ဖွင့်ထားတဲ့ Official မှ ချပေးလာတဲ့ Unlock Code များကို Copy ကူး
ယူပြီး Pate လုပ်ပေးလိုက်ပါ၊ ပြီးရင် Enter ကိုထပ်ခေါက်ပေးလိုက်ပါ။





၁၅။ အောက်ပါပုံအတိုင်း ရှေ့ဆက်အလုပ်လုပ်မှာ သေချာလားဆိုပြီးမေးလာခဲ့ရင်တော့

"Y" ဆိုပြီးရိုက်ထည့် Enter ခေါက်ပြီး အတည်ပြုပေးလိုက်ပါ။



၁၆။ Unlocking Process ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ။

အောက်ကပုံမှာတော့ ဖုန်းကို Bootloader Unlock ပြုလုပ်ထားပြီးသားမို့
Already fastboot Unlocked ဆိုပြီးပြပေးနေတာပဲဖြစ်ပါတယ်။



၁၇။ သင့်ဖုန်းမှာ Unlocked ဆိုပြီးပြနေခဲ့ရင်တော့ ဖုန်းကို Reboot ချ
ပေးလိုက်ပါ၊
 ပြန်တက်လာတဲ့အခါ သင့်ဖုန်းကို Fastboot Mode သို့
ထပ်မံဝင်ကြည့်လိုက်ပါ။

 Bootloader Unlocked ဆိုပြီးပြနေရင်တော့
သင့်ဖုန်းမှာ Bootloader Unlock ပြုလုပ်ခြင်း ကိစ္စ ပြီးဆုံးပါပြီ။


Special Credit ===> ဇူးနစ်(နည်းပညာ)

( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Download Link တွင်ကြော်ငြာလင့်ခ်ပါလာခဲ့သော်...အောက်ပါနည်းအတိုင်းပြုလုပ်ပေးပါ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.