May 7, 2025

Hidden Disk အသုံးပြု၍ Partition များကို ကာကွယ်ခြင်း by CHAN LAY (MCMM)


Windows Operating System အသုံးပြုနေ သူတွေအနေ နဲ့ မိမိ PC အတွင်းမှာ ထည့်သွင်းထားတဲ့ Hard Drive partition တွေကို အခြားသူတွေ အလွယ်တကူ ဝင်ရောက်မသုံးစွဲ နိုင်စေဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

 ဒီလိုနည်းလမ်း ပေါင်းစုံတွေထဲက မှ Third Party Software တစ်ခုဖြစ်တဲ့ Hidden Disk  ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုပြီး မိမိ Partition တွေကို Password နဲ့ ကာကွယ်ထား နိုင်သလို၊ Hidden လည်း ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Hidden Disk ဟာ အခမဲ့ သုံးစွဲနိုင်မယ့် Freeware အမျိုးအစား တစ်ခုဖြစ်ပြီး download ပြုလုပ်မယ်ဆိုရင် https://goo.gl/957xo6 ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားရောက် download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Hidden Disk ကို download ပြုလုပ်ပြီးပြီဆိုရင် ညွှန်ကြားချက်များအတိုင်း Install ပြုလုပ်ပေးရပါမယ်။ Install ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ ဆော့ဖ်ဝဲကို ဖွင့်ရမှာ ဖြစ်ပါတယ်။

Hidden Disk ကို ဖွင့်ပြီးသွားရင် ပထမဦးဆုံး ကိုယ်ကနေအခြား သူတွေကို အသုံးမပြုစေချင်တဲ့ drive ကိုရွေးပေးရပါမယ်။
 Drive ကို ရွေးချယ်ပေးပြီးရင် Create/update password ဆိုတာကိုနှိပ်ပြီး password ကို ထည့်သွင်း ပေးရပါမယ်။
 ပြီးသွားရင် ကိုယ်ရွေး ချယ်ထားတဲ့ Drive Letter နဲ့ Create ဆိုတဲ့ button ကို နှိပ်ပေးရပါမယ်။ အဆိုပါ create button ကို နှိပ်ပြီးရင် သတိပေးတဲ့ dialog box ပေါ်လာပါလိမ့်မယ်။

Hidden Disk လုပ်ထားတဲ့အချိန်မှာ System disk  ကိုမဖျက်ဖို့   ဖျက်မိတယ်ဆိုရင် Hidden လုပ်ထားတဲ့ disk ထဲမှ အချက်အလက်တွေ ဆုံးရှုံးနိုင်မယ်ဆိုတဲ့ သတိပေးစာတွေကို ဖော်ပြပေးထား ပါလိမ့်မယ်။ I will remember ဆိုတာကို နှိပ်ပြီး ထွက်လိုက်ပါ။

ဒီအဆင့်တွေ ပြီးသွားရင်  ကိုယ်ရွေးချယ်ထားတဲ့ Drive letter နဲ့ Partition တစ်ခု ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် ကိုယ် အသုံးမပြုစေချင်တဲ့ Drive ကို ဖယ်ရှား ပေးသွားမှာဖြစ်ပြီး အသုံးပြုလိုတဲ့ အချိန်မှာ Password ရိုက်ထည့်ပြီး အဆိုပါ Drive ကို အသုံးပြုရပါမယ်။

 အကယ်၍ Hidden Disk မပြုလုပ် လိုတော့ဘူး ဆိုရင် ဆော့ဖ်ဝဲကိုဖွင့်ပြီး Disable disk ဆိုတာကို ရွေးချယ်ပေးလိုက်ရင် Hidden ပြုလုပ်ထားတဲ့ Drive ကို ပြန်လည်ဖော်ပြ ပေးမှာဖြစ်ပါတယ်။



( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.