May 28, 202505:10:21 AM

Gigabyte ၏ Aero 14 တွင် ၁၀ နာရီအသုံးပြုနိုင်သည့် ဘက်ထရီ ပါဝင်လာ





Gigabyte သည် ပြီးခဲ့သည့်နှစ်အနည်းငယ်က Razer နှင့်ပူးပေါင်းပြီး အထင်ကရ Blade gaming laptop ကို ထုတ်လုပ်ခဲ့သည်။ ယခုအခါတွင် Gigabyte သည် gaming laptop အပြင် လုပ်ငန်းသုံး ကွန်ပျူတာအဖြစ်လည်း အသုံးပြုနိုင်သည့် Aero 14 laptop တစ်မျိုးကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ အဆိုပါ laptop သည် productivity mode ဖြင့်သုံးပါက ၁၀ နာရီ အသုံးပြုနိုင်သည်။

Aero 14 laptop မျက်နှာပြင်အရွယ်မှာ ၁၄ လက်မဖြစ်ပြီး QHD 2560 x 1440 IPS Display ကို အသုံးပြုထားသည်။ ၎င်းတွင် DDR4 RAM 32GB အထိ အသုံးပြုနိုင်ကာ Intel ၏ ဆဋ္ဌမမြောက်မျိုးဆက် Core i7 Skylake ပရိုဆက်ဆာကို အသုံးပြုထားသည်။ Aero 14 တွင် Type-C USB 3.1 တစ်ခု၊ USB 3.0 port သုံးခု၊ HDMI 2.0 တစ်ခုနှင့် SD card reader တို့အပြင် mini Display port ပါဝင်လာသည်။ အခြားချိတ်ဆက်မှုများအဖြစ် 802.11ac Wi-Fi နှင့် Bluetooth 4.1 တို့ပါဝင်သည်။ Laptop ၏ ခလုတ်များမှာ ကြီးမားပြီး အလိုအလျောက်ချိန်ညှိနိုင်သည့် backlit keyboard ဖြစ်သည်။

Aero 14 laptop အလေးချိန်မှာ ၄.၂ ပေါင်အောက်သာရှိပြီး အထူက ၁၉.၉ မီလီမီတာဖြစ်သည်။ ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးပြုသူများအတွက် Aero 14 ကို အခြားမော်နီတာ သို့မဟုတ် full 4K ရုပ်ထွက်အရည်အသွေး display နှင့်ချိတ်ဆက်နိုင်ရန် HDMI 2.0 ထည့်သွင်းပေးထားသည်။ Fan Tweak ကဲ့သို့ ဆော့ဖ်ဝဲပါဝင်ပြီး ပန်ကာမြန်နှုန်းကို ချိန်ညှိနိုင်မည် ဖြစ်သည်။ Laptop တွင်ပါဝင်သော macro key များကို စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး ပါဝင်သည့် Macro Hub ဆော့ဖ်ဝဲဖြင့် အရောင်များ ပြောင်းလဲနိုင်မည် ဖြစ်သည်။

Gigabyte Aero 14 ကို အနက်၊ လိမ္မော်နှင့် အစိမ်းဟူ၍ အရောင်သုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး ကန်ဒေါ်လာ ၁၅၉၉ မှ စတင်ရောင်းချမည် ဖြစ်သည်။

Ref: TheVerge


Credit to ===> Internet Journal


( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )

Download Link တွင်ကြော်ငြာလင့်ခ်ပါလာခဲ့သော်...အောက်ပါနည်းအတိုင်းပြုလုပ်ပေးပါ။


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.