
ပေကျင်း ၊ ၂၅-၇-၂၀၁၆
တရုတ်အစိုးရ သည် တောမီးများကို ငြှိမ်းသတ်ရန်နှင့် ရေကြောင်း ကယ်ဆယ်ရေး ဆိုင်ရာ စစ်ဆင်ရေးများ လုပ်ဆောင်ရန် အတွက် အသုံးပြုနိုင်မည့် ကမ္ဘာ့ အကြီးဆုံး ကုန်းရေ နှစ်သွယ်သွား လေယာဉ်ကို ထုတ်ဖော် ပြသ ခဲ့ကြောင်း ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက် အရ သိရသည်။
AG 600 အမည်ရှိ အဆိုပါ လေယာဉ်ကို တရုတ်နိုင်ငံ လေယာဉ် ထုတ်လုပ်မှု လုပ်ငန်း ကော်ပိုရေးရှင်း (AVIC) က ဆောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး ယင်း လေယာဉ်သည် အများဆုံး အကွာအဝေး ကီလိုမီတာ ၄၅ဝဝ အထိ ပျံသန်း နိုင်ကာ Boeing 737 အရွယ်အစား နီးပါးရှိကြောင်း သိရသည်။
AVIC သည် အဆိုပါ လေယာဉ်အား ကွမ်တုန်း ပြည်နယ် ရှိ ကျူဟောင်မြို့ ၌ ဇူလိုင် ၂၃ ရက်က ထုတ်ဖော် ပြသ ခဲ့ပြီး ယင်းလေယာဉ် သည် ရေကြောင်းဆိုင်ရာ ပျံတက်မှုနှင့် ဆင်းသက်မှုတို့ လုပ်ဆောင်ရန် ထုတ်လုပ် ခဲ့သော တခြားလေယာဉ် များထက် ပို၍ကြီးမား ကြောင်းနှင့် တရုတ်လေယာဉ် ထုတ်လုပ်မှု လုပ်ငန်းတွင် နောက်ဆုံး အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း AVIC မှ လက်ထောက် အထွေထွေ မန်နေဂျာ ကန်ရူကွမ်း က ပြောကြားသည်။
တရုတ်အစိုးရ သည် နိုင်ငံ၏ အကြီးဆုံး စစ်ဘက် ပို့ဆောင်ရေး လေယာဉ် Y-20 ကိုလည်း ယခုလ အစောပိုင်းတွင် စစ်ဘက်၌ စတင်အသုံးပြု ခဲ့ကြောင်းနှင့် ယင်းလေယာဉ် သည် အများဆုံး ဝန်ချိန် ၆၆ တန် သယ်ဆောင်နိုင်ပြီး အကွာအဝေး ကီလိုမီတာ ၄၄ဝဝ အထိ ပျံသန်း နိုင်ကြောင်း သိရသည်။
( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )
CHAN LAY (MCMM)
www.chanmyaemaung.net/
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
Post a Comment