လက်ရှိတွင် Windows 10 အသုံးပြုနေသော ထုတ်ကုန်များထံ Windows 10 Anniversary Update ဖြန့်ချိမှုကို သြဂုတ်လ ၂ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း Microsoft မှ အတည်ပြုခဲ့သည်။ အဆိုပါ update ကို လက်ရှိ Windows 10 သုံးစွဲနေသူများထံ အခမဲ့ဖြန့်ချိသွားမည်ဖြစ်ပြီး ၎င်းတွင် Windows Ink, Microsoft Edge browser extension များနှင့် Cortana အဆင့်မြှင့်တင်မှုများကဲ့သို့ feature သစ်များ ပါဝင်မည်ဖြစ်သည်။
Microsoft သည် Windows 10 ကို Windows 7 နှင့် Windows 8.1 သုံးစွဲသူများ အခမဲ့အဆင်မြှင့်တင်နိုင်ရန် ပြီးခဲ့သည့်နှစ်က ထောက်ပံ့ပေးခဲ့သည်။ လက်ရှိတွင် Windows 10 သုံးစွဲသည့် ထုတ်ကုန် သန်း ၃၅၀ ခန့်ရှိသည်။ ဇူလိုင်လ ၂၉ ရက်နောက်ပိုင်းမှ အဆင့်မြှင့်တင်သုံးစွဲသူများကမူ ၁၁၉ ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ကြောင်း Microsoft ၏ Windows နှင့် ထုတ်ကုန်များဌာနမှ အကြီးအကဲဖြစ်သူ တယ်ရီမိုင်ယာဆန်က The Verge နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက “ဇူလိုင်လ ၂၉ ရက်နောက်ပိုင်းကျရင် Xbox One နဲ့ မိုဘိုင်းထုတ်ကုန်တွေက အခမဲ့ အဆင့်မြှင့်တင်မှု ပြုလုပ်နိုင်ပါလိမ့်မယ်။ အခမဲ့ အဆင့်မြှင့်တင်မှုကို Windows 10 desktop တွေ၊ laptop တွေနဲ့ tablet တွေအတွက်ပဲ ကန့်သတ်ထားပါတယ်” ဟု ပြောကြားခဲ့သည်။
Microsoft သည် Windows 10 အသုံးပြုသည့်ထုတ်ကုန် တစ်ဘီလျံအထိ ရှိလာရန် ရည်မှန်းထားသည်။
Ref: TheVerge
Credit ===>>Internet Journal
Post a Comment