သင့်ရဲ့ PC ကို Android ဖုန်းတစ်လုံးအဖြစ် အသုံးပြုချင်တယ်ဆိုရင်တော့ တော်တော်အဆင်ပြေသွားပါပြီ။ Gamer များအတွက်ဆိုရင်လည်း Android Phone Screen သေးသေးလေးနဲ့ အားမရဘူးဆိုရင်တော့ ဒီ Software လေးက တော်တော် မိုက်သွားမှာပါ။ ဒီ Software လေးကို လိုချင်တယ်ဆိုရင်တော့
ပိုစ့်ရဲ့ အောက်ဆုံးက Download Link တွင် Download ချနိုင်ပါတယ်ခင်ဗျာ

COC ကဲ့သို့ Online Gmae တွေကို ကစားမယ်ဆိုရင်တော့ သင့် PC မှာ အင်တာနက်ချိတ်ဆက်ထားလျှင် ကစားလို့ရပါသည်။ ပြီး Android Dveloper များအတွက် PC မှာပဲ မိမိရဲ့ Android Apk တွေကို Run ဖို့ အဆင်ပြေတဲ့ Software လေးပါ။ အရင် အရင်က ထွက်ရှိထားသော Bule Stack နှင့် You Wave Software များရဲ့ လေးလံမှု၊ အမြင်ပိုင်း အဆင်မပြေမှုတွေအားလုံးသော error တွေ ကင်းရှင်းတဲ့ NOX App Player လေးပါ။
Install လုပ်ရန်အတွက် Install ကိုနှိပ်လိုက်ပါ။ ပြထားသည့်အတိုင်း 100% Loading ပြည့်ပါက စတင်ပြီး အသုံးပြုလို့ရပါသည်။

တစ်ခါတည်း Rooted ဖြစ်ပြီးရုံသာမက Google Play Service ပါရှိပြီးဖြစ်ပါသည်။ သင့်ရဲ့ ကွန်ပျူတာမှာ ယခုဆိုရင် Android ဖုန်းတစ်လုံးကို ရရှိပိုင်ဆိုင်သွားပါပြီ။

သင့် PC ရဲ့ Nox မှာ သင်အသုံးပြုမည့် Apk တွေကို တင်သုံးချင်တယ်ဆိုရင်တော့ ထည့်သွင်းအသုံးပြုမည့် Android Apk ဖိုင်များကို သင့် PC ရဲ့ My Document အောက်ရှိ Nox_share ဖိုင်ထဲတွင် ထည့်သွင်းရပါမည်။

Nox_share ကိုဖွင့်လိုက်လျှင် ပြထားသည့်အတိုင်း App, Image နှင့် Other ရှိပါသည်။ ထည့်သွင်းမည့် Application တွေကိုတော့ App ထဲမှာ ထည့်သွင်းရပါမည်။

ကျွန်တော်ကတော့ Clash of Clans Game နှင့် UCAPAY Online Market Apk ကို ထည့်လိုက်ပါသည်။

ဒါဆိုရင်တော့ Nov App Player ကို ဖွင့်ပါ။ ဖုန်းလုပ်ဆောင်ချက်တွေအတိုင်း File Manager ကိုဖွင့်လိုက်ပါ။

ပြထားသည့်အတိုင်း APP, Image နှင့် Other ဖိုင်များရှိနေပါမည်။ ကျွန်တော်ထည့်ထားသည့် App ဖိုင်ကို ဖွင့်ပြီး Application တွေကို တင်ပါတော့မည်။

အခုဆို ကျွန်တော်ထည့်သွင်းထားသည့် Clash Of Clans နှင့် Ucapay Apk များရှိနေပါသည်။ Install လုပ်ရန် Clash of Clans ကို ဖွင့်ပြီး Install လုပ်လိုက်ပါမည်။

ပုံမှန် Andriod ဖုန်းတစ်လုံးမှာ Install လုပ်သလိုပါပဲ ဘာမျှ ထူးခြားမှု မရှိပါဘူး။ ထုံးစံအတိုင်း Next နှိပ် တင်လိုက်ရုံပါပဲ။

အားလုံးတင်ပြီးပြီးဆိုရင်တော့ Home Display မှာ ကျွန်တော်တင်လိုက်သော Clash Of Clans Game လေးရောက်နေပါပြီ။

ဒါဆိုရင်တော့ Application တွေ Window PC ပေါ်မှာ တင်သုံးဖို့ အဆင်ပြေမည်ထင်ပါသည်။ အောက်မှာ ကျွန်တော်ရဲ့ Clash Of Clans Game လေး ၀င်ထားပုံကြည့်လိုက်ပါ အရမ်းနဲ့ လန်းပါသည်။

ယခု Post ထဲရှိ ပုံနှင့် စာသားများအား MICT GARDEN ( KO Myat) ဆီမှတစ်ဆင့် ရယူဝေမျှထားပါတယ် ခင်ဗျာ...။
Sofware ကိုတော့ လက်ရှိ ယနေ့ထိ နောက်ဆုံး Version ကို ပြန်လည် တင်ပေးထားပါတယ် ခင်ဗျာ...။
www.mcmm.ga
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY

ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်ပြီး ရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment