Samsung Galaxy S7 ဖုန်းကို SuperMan-Rom V1.8.1 Aroma Rom တင်နည်းကို
Custom Rom အကြိုက်တွေ့ကြတဲ့ ဘော်ဒါများအတွက် တင်ပေးလိုက်ပါတယ်။

နာမည်ကတော့ SuperMan-Rom တဲ့ဗျာ ဗားရှင်းကတော့ Android 6.0.1 Marshmallow ပေါ့
SuperMan-Rom ဟာ Android Open Source Projects ဖြစ်တယ်လို့ဆိုထားပါသေးတယ်။

အသစ်အသစ်သော Features ပါဝင်နေပြီး Many Rooted App များနဲ့ မြန်နှုန်းအား UI
ရယ် Stable Functional များဖြင့် ရေးဆွဲထားပြီး Performance အကောင်းဆုံးလည်းဖြစ်ပါတယ်။
လိုအပ်ချက်များ
========
၁။ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။
၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။
၃။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။
၎။ ဘက်ထရီအားသည် အနည်းဆုံး 70% ရာခိုင်နှုန်းရှိရပါမည်။
၅။ SuperMan-Rom V1.8.1 Aroma Rom။

ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။

Samsung Galaxy S7 SuperMan-Rom Details
==========================
G935FXXU1APF2 Base.
Prerooted With V2.74 Or V2.68 SuperSU (Choose In Aroma!)
Aroma Installer!
Xposed V85.1 Is Installed (Choose In Aroma).
Adblocker Enabled.
Viper4Android Included.
Applock Feature Build In.

SuperMan-Rom Details ကိုအောက်ကလင့်မှာဝင်ဖတ်ကြည့်လိုက်ပါ
Custom Rom Firmware တင်နည်း
===================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။
၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ
၃။ SuperMan-Rom V1.8.1 Aroma Rom ကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၎။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Home + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။
၆။ Custom Recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး SuperMan-Rom V1.8.1 Aroma Rom ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊
၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။
၉။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Samsung Galaxy S7 ဖုန်းမှာ
SuperMan-Rom V1.8.1 Aroma Rom လေးလန်းနေပါလိမ့်မယ်။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
www.zunite.org

Post a Comment