May 22, 2025

Samsung Galaxy Note 10.1 (Verizon) ကို CM 13 ဖြင့် Marshmallow 6.0.1 တင်နည်း by CHAN LAY (MCMM)







Samsung Galaxy Note 10.1 (Verizon) အတွက်
CM 13 ဖြင့် Marshmallow 6.0.1 တင်နည်းကို မျှဝေလိုက်ပါတယ်။

Note 10.1 (Verizon) i925 အတွက် Cm13 က Official ရဲ့
nightly rom အလန်းဖြစ်ပါတယ်။


မိမိ Device အတွက် lollipop ဗားရှင်းမှ Marshmallow 6.0 ကို
တင်သုံးချင်တဲ့ ဘော်ဒါတွေကတော့ တင်နည်းကိုအောက်မှာလေ့လာကြည့်ပါ


လိုအပ်ချက်များ

========
၁။ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။

၂။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

၃။ Nandroid Backup တစ်ခုပြုလုပ်ထားပေးပါ။

၎။ ဘက်ထရီအားသည် အနည်းဆုံး 40% ရာခိုင်နှုန်းရှိရပါမည်။

၅။ Cyanogenmod 13 rom နဲ့ gapps 6.0 zip files များရှိရမည်။


ငြင်းဆိုချက်

=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။


Download Cyanogenmod 13 rom for Galaxy Note 10.1 (Verizon)

Download Gapps for android Marshmallow 6.0[CM13]



Android 6.0 1 Marshmallow Rom တင်နည်း

============================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ


Android ဖုန်းတိုင်းမှ Nandroid Backup ပြုလုပ်ပုံ နည်းလမ်း (၈) ခု


၃။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Home + Power များကိုတွဲနှိပ်ပြီး
Custom recovery mode သို့ဝင်လိုက်ပါ Custom recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၎။ Marshmallow 6.0.1 zip နဲ့ Google Apps များကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၅။ Custom recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။

၆။ CWM recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Marshmallow 6.0.1 zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ ပြီးသွားတဲ့အခါ Googleapps.zip ဖိုင်ကိုလည်း နည်းတူ Flash ထပ်ပေးပါ။

၉။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၁၀။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Galaxy Note 10.1 (Verizon) ဖုန်းမှာ
 Android 6.0.1 Marshmallow Rom လေးနေပါလိမ့်မယ်။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) မှကူးယူဖော်ပြပါသည်။



Credit To... (www.zunite.org)

CHAN LAY (MCMM)

www.chanmyaemaung.blogspot.com

My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Labels:

Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.