Micro USB ဆိုတာကတော့ USB connector ရဲ့ မျိုးကွဲအခေါ်အဝေါ်တစ်ခုပဲ ဖြစ်ပါတယ်။ USB ရဲ့ အရှည်ကတော့ Universal Serial Bus ပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် USB စနစ်သုံးကြိုးတွေကို ကျွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အချက်အလက်ဖိုင်တွေကို အလွယ်တကူ ကူးပြောင်းနိုင်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုတဲ့ ထုတ်ကုန်ရဲ့ ထောက်ပံ့မှုပေါ်မူတည်ပြီး အထူးသီးသန့် drivers ဒါမှမဟုတ် တခြားသော ဆော့ဖ်ဝဲ အထောက်အပံ့မလိုဘဲ အသုံးပြု နိုင်မှာလည်းဖြစ်ပါတယ်။
အချို့ထုတ်ကုန်တွေကတော့ USB စနစ်အသုံးပြု ကြိုးကို ကွန်ပျူတာမှာချိတ်ဆက်ပြီး ထုတ်ကုန်ရဲ့ ဘက်ထရီကို အားပြန်ဖြည့်နိုင်ပါတယ်။ USB မှာ မတူကွဲပြားတဲ့ မျိုးကွဲတွေရှိသလို MicroUSB မှာ လည်း Micro-A ၊ Micro-B နဲ့ micro USB 3 ဆိုပြီး မျိုးကွဲတွေ ရှိပါတယ်။
Micro USB 3 က micro B နဲ့ ပုံသဏ္ဍာန် ဖွဲ့စည်းပုံမှာတော့ သိပ်မကွာခြားပေမယ့် USB 3 က ပိုမိုမြန်ဆန်မှုရှိတယ်လို့ ဆိုပါတယ်။ အခုလက်ရှိ အသုံးပြုနေကြတာကတော့ အဲဒီအမျိုးအစား တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ တကယ်တော့ MicroUSB က USB ရဲ့ အရွယ်အစားထက် ပိုမို သေးငယ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ USB ရဲ့ စံသတ်မှတ်ချက်အတိုင်းပဲ MicroUSB စနစ်ကို plug-and-play နဲ့ hot-swappable အနေနဲ့ အသုံးပြုနိုင်ပါတယ်။
USB ရဲ့စံသတ်မှတ်ချက်ကို Compaq, IBM, DEC, Intel, Mircrosoft, NEC နဲ့ Northern Telecom စတဲ့နည်းပညာကုမ္ပဏီတွေက ပူးပေါင်းသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Portable ထုတ်ကုန်တော်တော်များများဖြစ်တဲ့ စမတ်ဖုန်း၊ Tablet PC, MP3 Players, GPS Devices, Photo Printer နဲ့ ဒစ်ဂျစ်တယ်ကင်မရာတွေမှာ အချက်အလက်ကူးပြောင်းဖို့နဲ့ ဘက်ထရီအားကို ပြန်လည်ဖြည့်သွင်းဖို့အတွက် MicroUSB စနစ်ကို တွင်ကျယ်စွာ အသုံးပြုပြီဖြစ်ပါတယ်။
ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )
CHAN LAY (MCMM)
www.chanmyaemaung.net
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!