June 8, 202503:20:32 AM

HTC အမှုဆောင်အရာရှိချုပ်ဟောင်း ပီတာချူ ကုမ္ပဏီမှ တရားဝင်နုတ်ထွက်





ထိုင်ဝမ်စမတ်ဖုန်းကုမ္ပဏီ HTC ၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဖြစ်သူ ပီတာချူသည် ပြီးခဲ့သည့် စက်တင်ဘာလက အကြံပေးအဖြစ်မှ နုတ်ထွက်ကာ အနားယူသွားပြီ ဖြစ်ကြောင်း ကုမ္ပဏီက အတည်ပြုသွားခဲ့သည်။

“၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဒီဂျစ်တယ်ကဏ္ဍဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် ပီတာချူက ကုမ္ပဏီမှ နုတ်ထွက်သွားသည်ကို HTC က အတည်ပြုနိုင်ကြောင်း၊ သို့ရာတွင် သူ၏အတွေ့အကြုံများဖြင့် တွန်းအားပေးရန် HTC တွင် အကြံပေးနေရာ ရယူခဲ့သေးကြောင်း၊ ယခုလုပ်ငန်းတွင် ကာလကြာရှည် လုပ်ကိုင်ခဲ့မှုအတွက် ပီတာကို ကျွန်ုပ်တို့ ကျေးဇူးတင်ကြောင်း၊ လုပ်ငန်းမှ အနားယူရာတွင် ကျန်းမာရေးကောင်းစေရန် ဆုမွန်ကောင်းတောင်းကြောင်း” ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပီတာချူသည် ဆယ်စုနှစ်ကျော်တိုင်အောင် HTC ၏ ထိပ်တန်းအမှုဆောင်တစ်ဦး အဖြစ် တာဝန်ယူခဲ့သည်။ ကုမ္ပဏီ၏ ၂၀၁၅ ခုနှစ် အထင်ကရစမတ်ဖုန်း One M9 ၏ရလဒ်များကြောင့် ယမန်နှစ်က အမှုဆောင်အရာရှိချုပ်သစ်ကို ခန့်အပ်ခဲ့သည်။

HTC ၏ တွဲဖက်တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ချာဝမ်ကို ပီတာချူနေရာတွင် အစားထိုး၍ အမှုဆောင်အရာရှိချုပ် ရာထူးခန့်အပ်ခဲ့သည်။ ထိုအချိန်က ပီတာချူအနေဖြင့် ထုတ်ကုန်သစ်များ ထုတ်လုပ်ရာတွင် ကူညီသည့် အခန်းကဏ္ဍသစ်ကိုတာဝန်ယူပြီး ကုမ္ပဏီ၌ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း HTC က ပြောကြားခဲ့သည်။

Ref: CNET
Credit Internetjournal

သီဟထိုက်
www.thihahtike.com





( : DOWNLOAD : ) OR ( : DOWNLOAD :)

Credit To... (HERE)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။












Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.