June 13, 2025

နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ခိုးယူခံခဲ့ရတဲ့ လက်မှုပစ္စည်းတွေကို အမေရိကန်က အိန္ဒိယကို ပြန်ပေး




အိန္ဒိယနိုင်ငံမှ အခိုးခံခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်း လက်မှုပစ္စည်းပေါင်း ၂၀၀ ကျော်ကို အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံကို ပြန်လည်ပေးအပ်ခဲ့ပါသတဲ့။

ဒီလို ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို တနင်္လာနေ့က Washington မှာ ကျင်းပခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခိုးယူတူးဖော်ခဲ့ကြတဲ့ တန်ဖိုးကြီးမားလှတဲ့ ဘာသာရေးနဲ့ အနုပညာဆိုင်ရာ လက်မှုပစ္စည်းတွေကို အမေရိကန်နိုင်ငံကို ပို့ဆောင်ရောင်းချခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ကြေးသွန်း ဟိန္ဒူနတ်ဘုရား ရုပ်တုဖြစ်တဲ့ Saint Manikkavichavakar နဲ့ ကြေးသွန်း ဟိန္ဒူနတ်ဘုရား Ganesh ရုပ်တုတွေတွေ ပါဝင်ပါသတဲ့။ ဒီလက်မှုပစ္စည်းတွေကို အိန္ဒိယနိုင်ငံကို ဖြည်းဖြည်းချင်း ပြန်လည်ပို့ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို ၂၀၀၇ ခုနှစ်ကတည်းက U.S. Homeland Security စစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ပြီး ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အများစုကိုတော့ အနုပညာပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားသူ၊ ဒေါ်လာသန်းပေါင်းများစွာဖြင့် တရားမ၀င် ကူးသန်းရောင်းဝယ်ဖို့ စီစဉ်နေတဲ့ Subhash Kapoor ထံမှ ပြန်လည်ဖမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။


Ref ===>UPI

Credit ===> သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net


My Facebook Wall- (HERE)



ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။



ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက... ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍ ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ ခင်ဗျာ...။
mr.chanmyaemaung.cmm@engineer.com
ချမ်းလေး ( MCMM )



Post a Comment

Post a Comment

Contact Form

Name

Email *

Message *

Powered by Blogger.