
အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးစားမှုနဲ့ တရားမ၀င် aရာင်းဝယ်မှု တိုက်ဖျက်ရေး aန့မှာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အမေရိကန် aဒ်ါလာ ၅၆.၃၁ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး aတွကို မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။
မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီး တာကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ တပြိုက်နက်တည်း ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၁၉.၇၀ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အရေအတွက်က အရင်နှစ်တွေထက် စံချိန်တင်များပြားခဲ့ပါတယ်။
ရန်ကုန်တိုင်းအတွင်း ဘိန်းဖြူ ၀.၄၉၅၇ ကီလို၊ စိတ်ကြွဆေး ၄ သန်း ၁ သိန်း ၁ သောင်း ၂ ထောင်၊ အိုက်စ်က ၁၄၃ ကီလို၊ ဆေးခြောက်က ၅၃ ကီလို၊ ဘိန်းစာမှုန့်က ၂၁၃ ကီလို၊ ဘိန်းစာရည် ၉၀ မီလီလီတာ၊ စိတ်ငြိမ်ဆေးပြား ၂၇ ပြားနဲ့ မူးယစ်ဆက်စပ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို လှိုင်သာယာမြို့နယ်မှာရှိတဲ့ ကုန်တင်ယာဉ်ရပ်နားကွင်းမှာပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ ထူးခြားဖြစ်စဉ်အဖြစ် ရှာတွေ့ခဲ့တဲ့ ဇေကမ္ဘာဝင်းအတွင်းတွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးတဲ့အထဲမှာ ပါဝင်ခြင်းမရှိဘူးလို့ တိုင်းရဲမှူးကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် အရှိန်အဟုန်မြှင့် ဖမ်းဆီးရာမှာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ၇၁၈ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။
ထူးခြားဖြစ်စဉ်အဖြစ် ၂၀၁၅ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွရူးသွပ်ဆေး ၂၆.၇ သန်းကျော်ကို ဖမ်းဆီးမိရာကနေ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ သာကေတ မြို့နယ်တွေအတွင်းမှာ စိတ်ကြွရူးသွပ်ဆေး စုစုပေါင်း ၃၄.၆သန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။
၂၀၁၆ မတ်လအတွင်းမှာလည်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေက အမှုမပြီးပြတ်သေးတဲ့အတွက် ထည့်သွင်းမီးရှို့ခဲ့ခြင်းမပြုလုပ်ဘူးလို့သိရပါတယ်။ အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်း ဒဂုံစီမံချက်နဲ့ မူးယစ်ဆေးဝါးအမှု ၂၄၃ မှုကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
Originally published at - http://burmese.dvb.no/archives/156506
ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )
CHAN LAY (MCMM)
www.chanmyaemaung.net
My Facebook Wall- (HERE)
ကျွန်တော့်ရဲ့ Facebook ပေါ်ကနည်းပညာ Page လေးသို့လည်း *LIKE လုပ်ပြီး Update နည်းပညာများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ...။
ADMIN:CHAN LAY
ကျေနပ်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ် ခင်ဗျာ... အဆင်မပြေမှုတစ်စုံတရာ နားလည်မှုမရှိမရှိခဲ့ပါက...
ကျွန်တော် ချမ်းလေးရဲ့...မှားယွင်းမှုပါခင်ဗျာ...။ ကျွန်တော်ရဲ့ Page
လေးမှာ Post လေးတွေများ ၀င်ရောက်လက်တွဲပြီး နည်းပညာပိုစ့်များရေးသားနိုင်ပါတယ်ခင်ဗျာ...။ အကယ်၍
ကျွန်တော်ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့အောက်က Mail သို့ဆက်သွယ်လိုက်ပါ
ခင်ဗျာ...။
Post a Comment
ယခု Website လေးကို ၀င်ရောက်လေ့လာဖတ်ရှုကြခဲ့သော မိတ်ဆွေအားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အကယ်၍အဆင်မပြေမှု တစ်စုံတရာရှိခဲ့ပါက..
ယခုအောက်က Comment Box တွင် ...Comment ချန်ခဲ့ပြီး
အကြောင်းကြားနိုင်ပါတယ် ခင်ဗျာ...။
မိကောင်းဖခင် သားသမီးဆိုရင်
ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခြင်းသည်းခံပါ မိတ်ဆွေ!